ဧရာဝတီတိုင်း ကျောက်မီးသွေးလျှပ်စစ်စက်ရုံအစီစဉ် ပြန်သုံးသပ်ရန် အဆိုတင်
DVB
·
November 16, 2014
ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသမှာ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို လျာထားတာကို ပြန်လည်သုံးသပ်သင့်ကြောင်း တိုက်တွန်းတဲ့အဆိုကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အောက်တိုဘာ ၁၄ ရက်နေ့က ဆွေးနွေးပါတယ်။
[caption id="attachment_70998" align="alignleft" width="320"] ဧရာဝတီတိုင်း လွှတ်တော်မြင်ကွင်း[/caption]
ရေကြည်မဲဆန္ဒနယ် အမှတ် (၂) က တိုင်းဒေသကြီး လွှတ်တော် အမတ် ဒေါက်တာ လှမြတ်သွေး က အဆိုတင်သွင်းခဲ့ပြီး မှတ်တမ်း တင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးကတော့ စီမံကိန်းဆောင်ရွက်မည်ဆိုပါက သာဘာဝပတ်ကျင်ပျက်စီးမှုမရှိအောင်ဆောင်ရွက်ဖို့နဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လွှတ်တော်ကိုတင်ပြဖို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို မှာကြားခဲ့ပါတယ်။
အဆိုရှင် ဒေါက်တာလှမြတ်သွေးကတော့ အဆိုဟာရှုံးနိမ့်သွားတာမဟုတ်ဘဲ အဆိုကို မှတ်တမ်းတင်တာဖြစ်တဲ့အတွက် ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။