DVB Logo
Home
မြန်မာသတင်း
မြန်မာ့တိုးတက်မှုကို ထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်ပြော
DVB
·
November 15, 2014
မြန်မာ့တိုးတက်မှုကို ထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်ပြော
Donate to DVB

တရုတ်ဝန်ကြီးချုပ် လီကီချန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံစဉ်မှာ တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် မူတည်ပြီး တိုးတက်မှုတွေအပေါ် တရုတ်က အခိုင်အမာ ထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါအပြင် နှစ်နိုင်ငံကြားက အိမ်နီးချင်းကောင်း ဆက်ဆံရေး၊ မိတ်ဖက်ဆက်ဆံရေးကို ခိုင်မြဲအောင်  လက်တွဲဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။

[caption id="attachment_70968" align="aligncenter" width="502"]နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်[/caption]

မြန်မာပြည် အခြေခံအဆောက်အအုံ တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ တရုတ်က ထောက်ပံ့သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာသမ္မတကလည်း တရုတ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြင့်ဖို့နဲ့၊ ယဉ်ကျေးမှု ဖလှယ်ရေး တိုးတက်ဖို့ အခွင့်အရေးတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ခေါင်းဆောင်နှစ်ယောက်ရဲ့ ရှေ့မှောက်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနဲ့ စွမ်းအင်ကဏ္ဍ သဘောတူ စာချုပ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီးနောက် တရုတ်ဝန်ကြီးချုပ်ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံပါတယ်။

တရုတ်ဝန်ကြီးချုပ်က သူရဦးရွှေမန်းရဲ့ ဧပြီလ တရုတ်ပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံကြားမှာ ဥပဒေပြုရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာဖို့နဲ့ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

သူရ ဦးရွှေမန်းကလည်း တရုတ်ဟာ အားကိုးရတဲ့ မိတ်ဖက်၊ အိမ်နီးချင်း၊ မဟာမိတ်ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးမှာ တရုတ် လွှတ်တော်ကလည်း အပြုသဘော ပါဝင်သွားမယ်လို့ သူရ ဦးရွှေမန်းက ပြောပါတယ်။

မြန်မာက အာဆီယံ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နေပြည်တော်မှာ အာဆီယံ အစည်းအဝေးနဲ့ ဒေသတွင်း အစည်းအဝေးတွေကို ကျင်းပနေချိန်မှာ တရုတ် ၀န်ကြီးချုပ်ဟာလည်း အစည်းအဝေးတက်ရင်း မြန်မာပြည်ကို ၂ ရက်ကြာ လာရောက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013