အာဖဂန်တွင် နေတိုးစစ်ယာဉ်တန်း တိုက်ခိုက်ခံရ

အာဖဂန်နစ္စတန်အရှေ့ပိုင်းက နေတိုးခေါင်းဆောင်တဲ့ တပ်တွေရဲ့ ယာဉ်တန်းတွေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က သီးခြား ၂ ကြိမ် တိုက်ခိုက်ခံခဲ့ရမှုကြောင့် အရပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရပါတယ်။ ဒေသခံအရာရှိတဦးကတော့ စစ်တပ်က သေဆုံးဒဏ်ရာရသူ အစီရင်ခံစာ မထွက်သေးဘူးလို့ ပြောပါတယ်။ natoဂျလာလာဘတ်မြို့စွန်မှာ အမေရိကန်စစ်တပ် ယာဉ်တန်းသွား တဲ့ နေရာအနား ပထမ ကားဗုံး ပေါက်ကွဲခဲ့ပြီး ဒုတိယကားဗုံးကတော့ အဲဒီခရိုင်က ဘေ ဆုတ်ဒ်မြို့မှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ၂ခုလုံးကို သူတို့ လုပ်တာလို့ အာဖဂန် တာလီဘန်တွေ က ပြောပါတယ်။ ၂၀၀၁ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ တပ်တွေက တိုက်ခဲ့ပြီးနောက် တာလီဘန်အစိုးရကို အာဏာပိုင်အဖြစ်က ဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် တာလီဘန်တွေက အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရနဲ့ နိုင်ငံခြားတပ်တွေကို နှင်ထုတ်ဖို့ တိုက်ပွဲဝင်နေခဲ့တာပါ။ ဒီနှစ်ကုန်ပိုင်းမှာတော့ နိုင်ငံခြားတပ်အများစုကို နိုင်ငံတွင်းက ပြန်ဆုတ်ခွာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံခြားတပ်တွေ ဆုတ်ခွာနေချိန်မှာ တာလီဘန် အကြမ်းဖက်မှုတွေက ပိုတိုးလာနေလို့ အာဖဂန်နစ္စတန် လုံခြုံရေးတပ်တွေက သူတို့ သီးသန့် တိုက်နေရသလို၊ လေကြောင်း အထောက်အပံ့ကိုလည်း အကန့်အသတ်နဲ့ ရယူနေရပါတယ်။

More News
Up