DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီရေးနှင့် စီးပွားရေးအတွက် ဒေါ်လာ ၃၇၅ သန်းကျော် အမေရိကန်ကူညီ
DVB
·
November 14, 2014
မြန်မာ့ဒီမိုကရေစီရေးနှင့် စီးပွားရေးအတွက် ဒေါ်လာ ၃၇၅ သန်းကျော် အမေရိကန်ကူညီ
Donate to DVB

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့စီးပွားရေးအသွင်ကူးပြောင်းရေးအတွက် ၃ နှစ်အတွင်း အမေရိ ကန်ဒေါ်လာ ၃၇၅ သန်းကျော် ကူညီပေးခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

americanအမေရိကန်အစိုးရက မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်ကတည်းက ကန်ဒေါ်လာ ၂၂၅ သန်းကျော်ကူညီခဲ့ပြီး ၂၀၁၄ မှာတော့ သန်း ၁၅၀ ကျော် ထပ်မံပံ့ပိုးကူညီခဲ့တယ်လို့  နိုဝင်ဘာ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီကျတဲ့ အသင်းအဖွဲ့တွေ အားကောင်းလာစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာသန်စွမ်းပြီး စိတ်ပျော်ရွှင်စေမယ့် လူ့အသိုင်း အ၀ိုင်းဖြစ်စေရေး နဲ့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးတွေအတွက်  ကဏ္ဍ ၅ ရပ်မှာ အဓိက ကူညီပေးခဲ့တယ်လို့  ဆိုပါတယ်။

အမေရိကန် သမ္မတ ဘားရတ်အိုဘားမား  မြန်မာနိုင်ငံ ရောက်ရှိနေစဉ်မှာ ခုလို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

နေပြည်တော်မှာ မနေ့က သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံရာမှာတော့ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတစွာ ကျင်းပနိုင်ဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ အာရှဒေသတွင်း ဓာတုလက်နက်နဲ့ ဖျက်အားပြင်း လက်နက်တွေအရေး၊ ကလေးစစ်သားကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ အိုဘားမားဟာ ရန်ကုန်မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အာဆီယံလူငယ်ခေါင်းဆောင်တွေနဲ့ ဒီကနေ့ သီးခြားဆီ တွေ့ဆုံဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013