DVB Logo
Home
မြန်မာသတင်း
လူထုအခြေပြု အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် အိုးဘားမားတွေ့မည်
DVB
·
November 13, 2014
Donate to DVB

အမေရိကန် သမ္မတ အိုးဘားမားဟာ ကဏ္ဍအသီးသီးက လူထုအခြေပြု အဖွဲ့အစည်း ၁၅ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ အမေရိကန်ပြည်ထောင်စု သံရုံးမှာ တို့ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ တွေ့ဆုံသွား မယ်လို့ ညီမျှခြင်း (မြန်မာ) က ပြောပါတယ်။

တွေ့ဆုံရာမှာ လူ့အခွင့်အရေးကို အဓိကထားတင်ပြသွားမှာ ဖြစ်သလို အထူးသဖြင့် အရင်ကထက် ပိုမို သတိထားလောက်စရာကောင်းလောက်အောင် ဆိုးဝါးနေတဲ့ အကြောင်းအရာတွေကို တင်ပြသွားမှာ ဖြစ်တယ်လို့ ညီမျှခြင်း (မြန်မာ)က ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

Obama--621x414အလွတ်သတင်းထောက်ကိုပါကြီးသတ်ခံရတဲ့ကိစ္စ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးအရေးယူတာတွေအရေး၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ မတရား လက်လွှတ် ဖမ်းဆီးမှု၊ လယ်သမားတွေရဲ့ ကိစ္စ၊ လူ့အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေ နည်းပါးပြီးဖိနှိပ်တဲ့ ဥပဒေတွေကများနေတဲ့ အကြောင်းအရာတွေကို တင်ပြသွားမယ်လို့ သူက ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့ တိုင်းပြည်မှာ သမ္မတပြောတဲ့စကား အစိုးရက ပြောတဲ့ စကားကို သာမကဘဲ ပြည်သူလူထုပြောတဲ့ စကားကို သူ့အနေနဲ့ ကြားသွားနိုင်ပါတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေသာမကဘဲ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် ကျနော်တို့ ဘယ်လိုမျိုးမြင်သလဲ ဆိုတာကို သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်း သိသွားနိုင်တယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ၂ ဖက် နားထောင်ရတဲ့အတွက် နိုင်ငံခြားရေး မူဝါဒကို ချမှတ်ရာမှာ လူ့အခွင့်အရေးကို ဦးတည်တဲ့ မူဝါဒတွေ ဖြစ်လာမယ်လို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပနေတဲ့ မြန်မာနိုင်ငံကို နိုင်ငံခေါင်းဆောင် အတော်များများ လာရောက် ခဲ့ပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အတွက် အိုဘားမား တဦးကသာ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေကို တနှစ် ၂ ကြိမ် ကျင်းပလေ့ရှိပြီး ပထမအကြိမ်မှာ အာဆီယံ ဒေသတွင်းက နိုင်ငံတွေနဲ့ ပိုမိုသက်ဆိုင်တဲ့အတွက် လူထု အခြေပြု အဖွဲ့အစည်းတွေရဲ့ပါဝင်မှုကို ပိုမို လုပ်ဆောင်လေ့ရှိပါတယ်။

ဒုတိယအကြိမ်ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံ မိတ်ဘက် နိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်တဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေက ထဲထဲဝင်ဝင် ပါဝင်ဖို့ အခွင့်အလမ်းနည်းလေ့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လူထုအခြေပြု အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် အိုးဘားမားတွေ့မည်