DVB Logo
Home
မြန်မာသတင်း
မြန်မာသံရုံး အလုပ်သမားသံအရာရှိ ရုပ်သိမ်းရန်ဆန္ဒပြ
DVB
·
November 13, 2014
မြန်မာသံရုံး အလုပ်သမားသံအရာရှိ ရုပ်သိမ်းရန်ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လက်ရှိခန့်အပ်ထားတဲ့ အလုပ်သမားဆိုင်ရာ အရာရှိဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿ  နာကို ပြေလည်အောင်မဖြေရှင်းပေးနိုင်တဲ့အတွက် ဆက်လက်ခန့်ထားခြင်းမပြုဖို့ ဘန်ကောက်ရွှေ့ပြောင်းအလုပ်သမားတချို့က ဆန္ဒပြတောင်း ဆိုကြပါတယ်။

[caption id="attachment_70784" align="alignright" width="415"]ဓာတ်ပုံ - ရွှေလုပ်သား ဓာတ်ပုံ - ရွှေလုပ်သား[/caption]

လက်ရှိ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်ဟာ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီက အလုပ်သမား တင်သွင်းနိုင်ဖို့ကိုတော့ လက်မှတ်ထိုးပေးခဲ့ပြီး အလုပ်သမားတွေ ပြသနာဖြစ်လာတဲ့အခါ မသိကျိုးနွံပြုတယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲကို တင်သွင်းဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ အရင်ဆုံးခွင့်ပြုချက်တောင်းရပါတယ်။ ပြီးရင် မြန်မာအလုပ်သမားသံအရာရှိဆီမှာ ခွင့်ပြုချက် ယူရပါတယ်။ သူ့အနေနဲ့ တောင်းဆိုတဲ့ လူဦးရေအတွက် အလုပ်အမှန်တကယ်ရှိမရှိ မစစ်ဆေးဘဲ နေပြည်တော်ကိုပို့ခဲ့တယ်။ နေပြည်တော်က ခွင့်ပြုလို့ အလုပ်သမားတွေ ဒီဘက်ရောက်လာတဲ့အခါ  စာချုပ်ထဲပါတဲ့ အတိုင်း မဟုတ်ဘဲ အလုပ်အမျိုးအစား၊ နေရာနဲ့ လုပ်အားခတွေ လွဲမှားတာတွေရှိတယ်။ တချို့အလုပ်သမားတွေက ၂ လ ၃ လကြာတဲ့ထိ အလုပ်မရသေးဘူး။ ဒီကိစ္စတွေဖြေရှင်းပေးဖို့ ကျနော်တို့က သွားတောင်းဆိုတဲ့အခါကျတော့ သူနဲ့မဆိုင်သလိုနေတယ် ။ သူနဲ့မဆိုင်ဘူး ဆိုရင် ဒီရာထူးမှာ နေမနေနဲ့ပေါ့ဗျာ ။ ဒါကြောင့် သူ့ကိုဆက်မခန့်ဖို့ တောင်းဆိုတာ။”

ဒါ့အပြင် အလုပ်သမားတွေကို တရားဝင်တင်သွင်းပြီး ပြဿ     နာတွေကိုတော့ တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (အဲမ်အိုအီးအေအက်ဖ်)ကိုလည်း ဒီမှာဆက်ပြီးမထားဖို့ တောင်းဆိုတယ်လို့ သူကဆက်ပြောပါတယ်။

အဲမ်အိုအီးအေအက်ဖ်အဖွဲ့ဟာ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့ချုပ်က ဒါရိုက်တာ ဦးကျော်သောင်းကိုတော့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ အမည်ပျက်စာရင်းတင်သွင်းခဲ့ကြောင်း။ ဒါကြောင့် နာမည်ပျက် စာရင်းကိစ္စကို သိသာမြင်သာရှိအောင် ဌာနဆိုင်ရာအနေနဲ့ ရှင်းရှင်းလင်းလင်းသတင်း ထုတ်ပြန်ပေးဖို့ စတဲ့အချက်တွေ တောင်းဆိုခဲ့တယ်လို့ ကိုအောင်ဆန်းဦးက ပြောပါတယ်။

ဘန်ကောက်က မြန်မာအလုပ်သမားပေါင်း ၆၀ ကျော်ဟာ ဒီကနေ့မနက် မြန်မာအလုပ် သမားသံအရာရှိရုံး နဲ့ အဲမ်အိုအီးအေအက်ဖ်ရုံးတို့ တည်ရှိရာ လမ်းပေါ်မှာ ဆန္ဒပြခဲ့ပြီး  ရုံး ၂ ရုံး စလုံး ပိတ်ထားတဲ့အတွက် တောင်းဆိုလွှာကို ထိုင်းရဲတွေကနေတဆင့် ထားခဲ့ရတယ်လို့ ဆိုပါ တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်ကို မေးမြန်းရာမှာ -  အလုပ်သမားတွေရဲ့ တောင်းဆိုလွှာကို တွေ့ရှိပြီးဖြစ်ကြောင်း၊ အလုပ်သမားတွေရဲ့ ပြဿနာအခက်အခဲကို သူ့အနေနဲ့ လက်လှမ်းမီသလောက်   ဆောင်ရွက်ပေးခဲ့ပေမယ့် သန်းချီရှိ တဲ့ မြန်မာအလုပ်သမားအရေးအတွက် အစိုးရက ခန့်ထားပေးတဲ့ ၀န်ထမ်း အင်အားလောက်ငှမှု မရှိကြောင်း ခုလိုပြောပါတယ်။

“သူတို့ပေးခဲ့တဲ့စာကို ရပါပြီခင်ဗျ။ သူတို့ တောင်းဆိုချက်တွေလည်း သိရပါတယ်။ သူတို့ဆန္ဒပြတဲ့ ဓာတ်ပုံတွေနဲ့အတူ နေပြည်တော်ကို ဆက်ပို့ပေးပြီးပါပြီ။ ကျနော်တို့ဆီ ရောက်လာတဲ့ ပြဿ     နာတွေကို တတ်နိုင်သလောက်ဖြေရှင်းပေးပါတယ်။ ဒါပေမယ့် ထိုင်း အလုပ်ရှင်တွေနဲ့ ပတ်သက်ရင်တော့ သူတို့နိုင်ငံက ဥပဒေ နဲ့ ဖြေရှင်းမှရတယ်ခင်ဗျ ။”

“နောက်တခုက ဒီထိုင်းမှာ မြန်မာပြည်က အလုပ်သမား ၃ သန်းကျော်ရှိတာ၊ ကျနော်တယောက်တည်း ဘယ်လိုက်ကြည့်နိုင်မလဲ။ အလုပ်သမားအဖွဲ့အစည်းတွေရော  ၀ိုင်းကူလုပ်ကြတာ၊ ကျနော့်ဌာနမှာ  ၀န်ထမ်းတွေရော ထိုင်းဘာသာပြန်တွေရော တိုးမြင့်ခန့်ထားဖို့ စာတင်ထားပါတယ်။”

ဦးကျော်သောင်းကို နာမည်ပျက်စာရင်းတင်တဲ့ကိစ္စကို မသိရှိသလို  တရားဝင်ထုတ်ပြန်ချက်တွေလည်း မမြင်ဖူးဘူးလို့ သူက ဆက်ပြောပါတယ်။

ဦးကျော်သောင်းဟာ ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေပြီး လူငယ် ၂ ဦးရဲ့ မိဘတွေကို မြန်မာပြည်လိုက်ပို့ပြီးအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ   နာမည်ပျက်စာရင်းတင်သွင်းမှုတခုနဲ့စပ်လျဉ်းပြီး  လ၀က၀န်ထမ်းတွေက ခေါ်ယူစစ်မေးတာ ခံခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013