DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ ဘ၀မှတ်တမ်း အစီရင်ခံစာထုတ်ပြန်မည်
DVB
·
November 13, 2014
နိုင်ငံရေးအကျဉ်းသားများ ဘ၀မှတ်တမ်း အစီရင်ခံစာထုတ်ပြန်မည်
Donate to DVB

မြန်မာတပြည်လုံးက နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ဘ၀မှတ်တမ်းတွေပါ ရှိမယ့် အစီရင်ခံစာတစောင် ဒီလကုန်ထုတ်ပြန်ဖို့ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

၁၉၆၂ ခုနှစ်ကစပြီး ဒီနေ့ချိန်ထိရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အရေအတွက် ဘယ်လောက်ရှိတယ်။ လက်ရှိ သူတို့တွေ ဘ၀အခြေအနေ၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့ အခြေအနေတွေကို စာရင်းကောက်ယူပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

[caption id="attachment_70760" align="alignright" width="325"]ဓာတ်ပုံ - AAPPB ဓာတ်ပုံ - AAPPB[/caption]

ဒီအစီရင်ခံစာထွက်ပေါ်လာဖို့ အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က အဓိက လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အန်အယ်ဒီပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပံ့ပိုးကူညီခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ခုချိန်ထိ တနိုင်ငံလုံးက နိုင်ငံရေးအကျဉ်းသား ၂၆၀၀ စာရင်းကောက်ယူ ရရှိထားပြီး မှတ်တမ်းပြုစုနေတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာက မှတ်တမ်းမှတ်ရာ အရမ်းအားနည်းတယ်။ နိုင်ငံရေးအကျဉ်းသား ဆိုလည်း ဘယ်လောက်ရှိမှန်း ဘယ်သူမှ မသိဘူး။ အဲ့ဒီတော့ ကျနော်တို့က စာရင်းကောက်ယူပြီး မှတ်တမ်းတခုဖြစ်အောင် မှတ်တမ်းတင်တယ်။ သူတို့အတွက် လိုအပ်ချက်တွေ ဘာတွေ ရှိနေလဲ။ ဒါတွေကိုသိမှ တခြားသူတွေက အကူအညီပေးနိုင်မယ့် လမ်းကြောင်းတွေရှာဖွေလို့ ရနိုင်မယ်၊နောက် တချိန်ချိန်မှာ အစိုးရတရပ်အနေနဲ့ တကယ့် အသွင်ကူးပြောင်းရေးကို ရောက်ပြီဆိုတဲ့အခါ အစိုးရက သူတို့အတွက် တာဝန်ယူမှုနဲ့ တာဝန်ခံမှု ပြန်လုပ်ပေးဖို့ လိုတယ်။ အဲ့ဒီလို အချိန်ရောက်ရင် အဆင်သင့်ဖြစ်နေအောင်လို့ ကျနော်တို့ အခု မှတ်တမ်းမှတ်ရာ အဖြစ်နဲ့ စုဆောင်းနေတာပါ။”

အစီရင်ခံစာအပြင် စာအုပ်အဖြစ်ပါ ထုတ်ဝေနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများစာရင်းကို ဒီနှစ်ဆန်းပိုင်းက စတင် ကောက်ယူခဲ့တာဖြစ်ပြီး နိုင်ကျဉ်းအဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ တနိုင်ငံလုံးမှာ ရှိခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းပေါင်း ၇၀၀၀ ကနေ ၁၀၀၀၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013