Home
သတင်းဓာတ်ပုံ
မြန်မာ-ရုရှား ကာကွယ်ရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
DVB
·
November 13, 2014
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်တို့ဟာ နေပြည်တော်မှာ  တွေ့ဆုံပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ  ဆွေးနွေးခဲ့ကြတယ်လို့ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ MEDIA CENTER 2 မှာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆွေးနွေးပွဲမှာ ၂ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေး၊ ပညာရေး ကျန်းမာရေးကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာပညာတော်သင်များ ပိုမိုစေလွှတ်ရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြ တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက ဆိုပါတယ်။ တောင်ကြီးမြို့မှာ ဆိုဗီယက်ပြည်ထောင်စု အကူအညီနဲ့ ဆောက်လုပ်ခဲ့တဲ့ စပ်စံထွန်း ဆေးရုံကြီးကိုလည်း ခေတ်မီအောင်ပြုပြင်မွမ်းမံရေး ဆွေးနွေးခဲ့တယ်လို့ ဒုဝန်ကြီးက ဆက်ပြောပါတယ်။ ဓာတ်ပုံ - ကျော်ဇေယျာဝင်း [gallery ids="70732,70733,70734,70735,70736"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024