DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတရန် ဘန်ကီမွန်း တိုက်တွန်း
DVB
·
November 13, 2014
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတရန် ဘန်ကီမွန်း တိုက်တွန်း
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လည်း တက်ရောက်ခဲ့တာပါ။

Bankimoonနိုဝင်ဘာလ ၁၂ ရက်​နေ့ ည​နေမှာတော့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုစင်တာ သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ပြီး အစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“လက်ရှိမြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးဟာ နောက်ဆုံး အဆုံးအဖြတ် ပေးရမယ့် အချိန်ကို ရောက်နေပါပြီ။ ပြီးတော့ လာမယ့်နှစ် ရွေးကောက်ပွဲမှာလည်း အားလုံးပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဟာ နိုင်ငံ့ရှေ့ရေးအတွက် အလွန်အရေးပါတယ်လို့ ပြောသွားတာပါ။”

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းပြီးတော့ ရိုဟင်ဂျာနဲ့ ဒုက္ခသည် ကိစ္စဟာလည်း စိုးရိမ်မှုတွေရှိနေတဲ့ အကြောင်းလည်း ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းဖို့လိုကြောင်းလည်း တိုက်တွန်းတယ် လို့ ပြောပါတယ်။ လက်ရှိ ပြန့်ပွားနေတဲ့ အီဘိုလာရောဂါကို ကမ္ဘာက အခုထက် ကာကွယ်ထိန်းသိမ်းဖို့လို့ကြောင်း ဘန်ကီမွန်းက တိုက်တုန်းပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013