
၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေ ကျင်းပနေတဲ့ နေပြည်တော်မှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေ နိုဝင်ဘာ ၁၂ ရက်နေ့ညက ညစာစားပွဲ ပြုလုပ်ခဲ့ပါတယ်။
အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်တွေ အပါအ၀င် အမေရိကန် တရုတ် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် စတဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင် ၂၁ ဦးလည်း တက်ရောက်ခဲ့ပါတယ်။
အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမယ့် နေပြည်တော်ကို ဒုတိယအမြင့်ဆုံး လုံခြုံရေးအဖြစ် လိမ္မော်ရောင်အဆင့် သတ်မှတ်ဆောင်ရွက်နေပြီး အမေရိကန်လုံခြုံရေး အဖွဲ့တွေလည်း လာရောက် လုံခြုံရေးယူထားပါတယ်။ အမေရိကန်သမ္မတ အိုဘားမား က နိုဝင်ဘာ ၁၂ ရက်နေ့ညမှာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
[gallery ids="70694,70695,70696,70697,70698"]











