DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးမိသားစု အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဦးဝင်းတင် ဖောင်ဒေးရှင်း ထောက်ပံ့
DVB
·
November 12, 2014
ကိုပါကြီးမိသားစု အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဦးဝင်းတင် ဖောင်ဒေးရှင်း ထောက်ပံ့
Donate to DVB

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် နိုင်ငံရေးအကျဉ်းသား ထောက်ပံ့ငွေ ပေးအပ်ပွဲမှာ ကိုပါကြီး မိသားစုအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၇ ယောက်ကို ငွေကျပ် ၅၇ သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်မှာ ၂ လတကြိမ် ပုံမှန်ပြုလုပ်နေကျ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားမှာ အခုလို ထောက်ပံ့ကူညီခဲ့တာဖြစ်တယ်လို့ ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးအောင်ကျော်က ပြောပါတယ်။

[caption id="attachment_70675" align="alignright" width="401"]ဓာတ်ပုံ - Han Pa ဓာတ်ပုံ - Han Pa[/caption]

“ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားလည်းဖြစ် စာနယ်ဇင်သမားလည်းဖြစ်တဲ့ ကိုပါကြီး မိသားစုကို ဦးစားပေးပြီး ပေးတယ်။ နောက်တခါ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၆ ယောက်၊ မိကျောင်းကန်သပိတ်ခေါင်းဆောင် ဦးစိန်သန်းနဲ့ ဘိုင်မွန်းတည့်နေဂျာနယ်က ၅ယောက်ပေါ့။ နောက် နိုင်ငံရေးအကျဉ်းသားဟောင်း ၂၀ နဲ့ စုစုပေါင်း ၂၇ယောက်ကို ထောက်ပံ့ငွေကျပ် ၅၇ သိန်း ပေးအပ်ခဲ့ပါတယ်။”

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအနေနဲ့ အခု ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ချိန်အထိ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားဟောင်းပေါင်း ၅၆၀ ကျော်ကို ငွေကျပ်သိန်း ၁၄၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ သားသမီးတွေကို ပညာရေးထောက်ပံ့ငွေကျပ် သိန်း ၈၀၀ ကျော် ပေးအပ်ကူညီခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဦးဝင်းတင်ဆုံးတာ ၆ လပြည့်တဲ့ ပြီးခဲ့တဲ့လကစပြီး ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနိုင်ဖို့ ရန်ကုန်မြို့ လမ်း ၅၀ မှာ စေတနာအခမဲ့ဆေးခန်းတခုဖွင့်ပြီး အကျဉ်းသားဟောင်းတွေ၊ စာနယ်ဇင်းသမားတွေကို ကုသပေးနေပါတယ်။ ဖောင်ဒေးရှင်းရဲ့ ကျန်းမာရေးအသုံးစရိတ် ငွေကျပ် သိန်း ၁၀၀၀ ကျော် သုံးစွဲခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဟံသာဝတီဦးဝင်းတင် ၈၂ နှစ်မြောက်မွေးနေ့ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၂ ရက်ကစပြီး လက်ရှိနိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားမိသားစုများနဲ့ ဘ၀တူ စာပေရေးဖော်ရေးဘက် စာနယ်ဇင်းသမားများကို ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013