DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာကုမ္ပဏီများ တွေ့ဆုံ
DVB
·
November 12, 2014
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့်  မြန်မာကုမ္ပဏီများ တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ UMFCCI တာဝန်ရှိသူတွေနဲ့ UN Global Compact အဖွဲ့ဝင် မြန်မာကုမ္ပဏီတွေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။

ကုလသမဂ္ဂရဲ့ Gobal Compact ကွန်ရက်မှာ မြန်မာနိုင်ငံက ကုမ္ပဏီတွေ ပိုမို ၀င်ရောက်လာတဲ့ အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်တယ်လို့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတော် သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

[caption id="attachment_70672" align="alignright" width="960"]ဓာတ်ပုံ – Myanmar B2B Management ဓာတ်ပုံ – Myanmar B2B Management[/caption]Gobal Compact ချိတ်ဆက်ကွန်ရက်ရဲ့ အခြေခံမူဝါဒတွေက လူ့အခွင့်အရေး၊ အလုပ်သမား အရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွေကို အခြေခံထားတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ ဖြစ်နိုင်အောင် ကြိုးစားနေတာကတော့ စိတ်ဝင်စားတဲ့သူတွေ လူမှုရေး တာဝန်ကျေအောင် လုပ်ချင်တဲ့ ကုမ္ပဏီတွေ။ တဖက်ကလည်း စီးပွားရေး အမြတ်ရအောင် လုပ်မယ်၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ ၀န်ထမ်းရေးရာ၊ အဂတိလိုက်စားမှုတွေကို ကြည်မယ်ဆိုတဲ့ ကုမ္ပဏီတွေ များလာဖို့လိုတယ်။ အဲလိုလုပ်လိုက်ရင် တာဝန်ကျေတဲ့ စီးပွားရေးတွေ များများ ဖြစ်အောင် ကြိုးစားနေပါတယ်။ အလားအလာ အနေနဲ့ကတော့ တဖက်ကလည်း စီးပွားရေးလုပ် တဖက်က လူမှုရေး တာဝန်ကျေအောင် လုပ်ဖို့ တွန်းအားပေးတဲ့သဘောပါ” လို့ ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

နိုင်ငံရဲ့ တိုးတက်မှုအတွက် စီးပွားရေးလုပ်ငန်းရှင်တွေမှာ တာဝန်ရှိသလို စီးပွားရေး လုပ်ငန်းရှင်တွေ တာဝန်ကျေတာကို သရုပ်ဖော်တဲ့ အနေနဲ့ Gobal Compact ကွန်ရက်မှာ အဖွဲ့ဝင် အဖြစ် ပိုမို ပါဝင်ဖို့ ဘန်ကီမွန်းက ဆွေးနွေးပွဲမှာ တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။

ကမ္ဘာတ၀န်းက Gobal Compact ချိတ်ဆက် ကွန်ရက်မှာ အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၁ သောင်းကျော် ရှိနေပါတယ်။ ဒီချိတ်ဆက်ကွန်ရက်ကိုဝင်တဲ့ ကုမ္ပဏီတွေက စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာမှာ လူမှုရေး တာဝန်ကျေတဲ့ မူဝါဒတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလ ဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်စဉ်က ကုလသမဂ္ဂရဲ့ Gobal Compact ကွန်ရက်မှာ မြန်မာ့ကုမ္ပဏီ ၁၅ ခုက အဖွဲ့ဝင်အဖြစ် လျောက်လွှာတင်ခဲ့ပေမယ့် လက်ရှိမှာတော့ အဖွဲ့ဝင် ကုမ္ပဏီ ၁၁၈ ခု ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013