အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံတကာ ခေါင်းဆောင်များ (ဓာတ်ပုံ)
DVB
·
November 12, 2014
မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် နောက်ဆုံးတာဝန်ယူကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးများကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုစင်တာမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၉ နာရီက စတင် ဖွင့်လှစ်လိုက်ပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အာဆီယံအစိမ်းရောင်စီးပွားရေး ဗဟိုဌာနတည်ထောင်ခြင်း အခမ်းအနားဖွင့်ပွဲ၊ ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး(မျက်နှာစုံညီ)အစည်းအဝေး၊ ၁၂ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ ၁၇ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးနဲ့ ၆ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွေ ကျင်းပပြုလုပ်ဖို့ ရှိပါတယ်။
[gallery ids="70614,70615,70616,70617,70618,70619,70620,70621,70622,70623,70624,70625,70626"]