အာဆင်နယ် အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၂၀ ရရှိမည်

arsenalနောက်တန်း အားနည်းတဲ့ ပြဿ နာနဲ့ တွေ့နေတဲ့ အာဆင်နယ်အတွက် လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် သန်း ၂၀ ရရှိမှာ ဖြစ်ပါတယ်။ နည်းပြ ၀င်းဂါးအနေနဲ့ နောက်တန်း ဗဟိုခံစစ်မှူးနေရာအတွက် ခေါ်ယူရန် ကြံစည်နေ သလို ကွင်းလယ်ကစားသမားကောင်းတဦးကိုပါ ဖြည့်တင်းလိုတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ကွင်းလယ်အတွက်ကိုတော့ လာမည့်နွေရာသီမှ ၀ယ်ယူဖို့ကိုလည်း ၀င်းဂါးအနေနဲ့ ချင့်ချိန်စဉ်းစားနေတယ်လို့ ပြောပါတယ်။ လောလောဆယ် အာဆင်နယ်က ခေါ်ယူဖို့ စဉ်းစားနေသူတွေထဲမှာ ဆဲလ်တစ်က ဗန်ဒစ်၊ ၀က်စ်ဟမ်းက ရိဒ်၊ ဗီလာက ဗလာနဲ့ မန်ယူက စမောလင်းတို့ နာမည်ထွက်နေပါတယ်။ အာဆင်နယ်နောက်တန်းမှာ ဒီဘူချီ၊ ကိုစီရယ်နီ တို့ ဒဏ်ရာပြဿနာ တွေနဲ့ ကြုံနေရပြီး ဘယ်နောက်ခံလူ နာချို မွန်ရီရယ်ကို ဗဟိုခံစစ်ကို ပို့ကစားနေတာပါ။

More News
Up