နစ်မြုပ်ခဲ့သည့် တောင်ကိုရီးသား သင်္ဘော ကပ္ပတိန်ကို ထောင်ဒဏ် ၃၆ နှစ် ချမှတ်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ဧပြီလက နစ်မြှုပ်ခဲ့တဲ့ သင်္ဘောရဲ့ကပ္ပတိန်ကို တာဝန်ပျက်ကွက်မှုနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ထောင်ဒဏ် ၃၆ နှစ် ချလိုက်ပါတယ်။ [caption id="attachment_70577" align="alignright" width="266"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] အစိုးရရှေ့နေတွေက သေဒဏ်ပေးဖို့ တောင်းဆိုတာကိုတော့ တောင်ကိုရီးယား တရားရုံးက ပယ်ချခဲ့ပါတယ်။ ဧပြီလက သင်္ဘောနစ်မြုပ်မှုမှာ သင်္ဘောပေါ်လိုက်ပါလာသူ ၃၀၄ ဦး သေဆုံးခဲ့ပြီး အများစုက ကျောင်းသူ၊ ကျောင်းသားတွေဖြစ်ကြပါတယ်။ သင်္ဘောရဲ့ အင်ဂျင်နီယာချုပ်ကိုလည်း လူသေဆုံးစေမှုနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချလိုက်ပါတယ်။ သင်္ဘော နစ်မြုပ်ချိန်မှာ ကျောင်းသူကျောင်းသားတွေဟာ သင်္ဘောဝန်ထမ်းတွေရဲ့ ညွန်ကြားချက်ကို စောင့်ရင်း ရေနစ်သေဆုံးခဲ့ကြတာပါ။ ခရီးသည်တွေကို ကယ်တင်ရေးဟာ သင်္ဘောဝန်ထမ်းတွေရဲ့ အလုပ်မဟုတ်ပဲ ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ အလုပ်ဖြစ်တယ်လို့ သင်္ဘောဝန်ထမ်းတွေက လျှောက်လဲခဲ့ပါတယ်။ သင်္ဘောနစ်မြုပ်ချိန်မှာ ကျောင်းသူ၊ ကျောင်းသားတွေကို ကိုယ့်အခန်းကနေ ဘယ်မှ မထွက်ခွာဖို့ ညွန်ကြားခဲ့ပြီး ၀န်ထမ်းတွေကတော့ သင်္ဘောကို အရင်ဆုံးစွန့်ခွာခဲ့ပုံတွေကြောင့် တောင်ကိုရီးယားပြည်သူတွေ အမျက်ထွက်ခဲ့ကြပါတယ်။ အခုချိန်အထိ ပျောက်ဆုံးနေသေးတဲ့ ခရီးသည် ၉ ယောက် ရှာဖွေရေးကို ရပ်ဆိုင်းလိုက်ပြီလို့လည်း ကိုရီးယားအစိုးရက နိုဝင်ဘာ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ ခရီးသည်ကယ်ဆယ်ရေးကို သင်္ဘောနစ်မြုပ်ခဲ့ပြီး ရက်ပေါင်း ၂၀၀ တိတိ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ပါတယ်။

More News
Up