မလေးရှားတွင် မြန်မာတဦး သတ်ခံရ
DVB
·
November 11, 2014

[caption id="attachment_70540" align="alignright" width="326"]
မလေရှားနိုင်ငံ ပီနန်မှာ မြန်မာနိုင်ငံသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံရစဉ်[/caption]
မလေးရှားနိုင်ငံ ပီနန်မှာ မြန်မာအလုပ်သမားတဦးအလောင်းကို တွေ့ရှိတယ်လို့ မလေးရှားနိုင်ငံထုတ် သည်စထရိတ်တိုင်မ်း သတင်းစာက ရေးပါတယ်။
သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား ကိုဟိန်းလတ်ကျော်ဖြစ်ပြီး ဂျာရတ် အတာ့စ် နေရာက ဆီအုန်းခြံထဲမှာ လည်ပင်း ပြတ်ရှတဲ့ ဒဏ်ရာနဲ့ တနင်္လာနေ့မနက်က တွေ့တာလို့ ပီနန်ဒေသ စီအိုင်ဒီအဖွဲ့အကြီးအကဲ မဇလန် ကိဇာ က ပြောဆိုချက်ကို ကိုးကားရေးသားပါတယ်။
ကိုဟိန်းလတ်ကျော် သေဆုံးမှုဟာ ပီနန်မှာ ဒီနှစ်အတွင်း ၁၈ ယောက်မြောက် မြန်မာပြည်သား သတ်ခံရမှု ဖြစ်တယ်လို့ ဆိုပါတယ်။
