အမေရိကန်နိုင်ငံသား ၂ ဦးကို မြောက်ကိုးရီးယား ပြန်လွှတ်

ဓာတ်ပုံ - AFP
1.2K
ပြီးခဲ့တဲ့တပတ်က အမေရိကန်နိုင်ငံသား ၂ ဦးကို မြောက်ကိုရီးယားနိုင်ငံက ပြန်လွှတ်ပေးခဲ့တာအတွက် အမေရိကန်နိုင်ငံက ကျေးဇူးတင်တယ်လို့ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။
[caption id="attachment_70527" align="alignright" width="440"]
ဓာတ်ပုံ - AFP[/caption]
အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွန်ကြားရေးမှူးကိုယ်တိုင် မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ပြီး အမေရိကန်နိုင်ငံသား ၂ ဦးကို ပြန်ခေါ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်။ ကင်မ်နက်တ် ဘေး (Kenneth Bae)နဲ့ မက်သယူး တော့ဒ် မီလာ (Matthew Todd Miller)တို့ ၂ ဦးလုံးဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချခံထားရပြီး ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား ဂျက်ဖရေ ဖိုလေး (Jeffrey Fowle)ကို လွန်ခဲ့တဲ့ ၃ ပတ်က ပြန်လွှတ်ပေးခဲ့ပြီး အခု နောက်ထပ် ၂ ဦးကို ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်ဖို့နဲ့ လူအခွင့်အရေးမှတ်တမ်းတွေ တိုးတက်ကောင်းမွန်လာဖို့ အဝေးကြီးလိုသေးတယ်လို့ အမေရိကန်သံတမန် ရောလ်ဘတ် ကင်း က ပြောဆိုပါတယ်။
ဘယ်လို သဘောတူညီချက်နဲ့ မြောက်ကိုရီးယားအစိုးရက ပြန်လွှတ်ပေးလိုက် တယ်ဆိုတာတော့ အတိအကျ မသိရပါဘူး။
