အိန္ဒိယ၀န်ကြီးချုပ် အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေး တက်ရောက်မည်

အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာ မိုဒီ (ဓာတ်ပုံ - ရိုက်တာ)
[caption id="attachment_70420" align="alignright" width="422"]အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာ မိုဒီ (ဓာတ်ပုံ - ရိုက်တာ) အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာ မိုဒီ (ဓာတ်ပုံ - ရိုက်တာ)[/caption] အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာ မိုဒီဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၁၂ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးတွေကို တက်ရောက်ဖို့ နိုဝင်ဘာ ၁၁ ရက်မှာ ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ၁၂ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးနဲ့ နိုဝင်ဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို လာတက်ရောက်မှာလည်း ဖြစ်ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ ၁၀ ရက်ကြာ ၃ နိုင်ငံ ခရီးစဉ်မှာ သြစတြေးလျနဲ့ ဖီဂျီနိုင်ငံတွေကိုလဲ သွားရောက်ဖို့ ရှိနေပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် မိုဒီရဲ့ ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော် 'Act East' မူဝါဒ တစိတ်တပိုင်းအရ အာဆီယံနဲ့ ဆက်ဆံရေး တိုးတက်စေဖို့ ရည်ရွယ်ထားပြီး ဒေသတွင်း ထိတွေ့ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးတွေကိုလဲ တွန်းအားပေးနိုင်ဖို့လည်း ရည်ရွယ်ထားတယ် လို့ ဒေလီအခြေစိုက် အာရှနိုင်ငံတကာ သတင်းအေဂျင်စီတခုဖြစ်တဲ့ အေအန်အိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up