ကိုရီးယားကျွန်းဆွယ်အရေး တရုတ်သမ္မတနှင့် တောင်ကိုရီးယားသမ္မတတို့ ဆွေးနွေးမည်

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး
1.1K
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ တရုတ်နိုင်ငံ ပီကင်းမြို့တော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းက ရောက်လာပါတယ်။
[caption id="attachment_70394" align="alignright" width="431"]
တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး[/caption]
သူဟာ နိုဝင်ဘာ ၁၀နဲ့ ၁၁ ရက်နေ့မှာ ကျင်းပမယ့် အာရှပစိဖိတ်စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးဖြစ်တဲ့ အေပက်ညီလာခံကို တက်ရောက်မှာပါ။
ဒါ့အပြင် တောင်ကိုရီးယားသမ္မတဟာ တရုတ်သမ္မတနဲ့ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်အရေးနဲ့ အပြန်အလှန် ကုန်သွယ်ရေးသဘောတူညီချက် အခြေအနေတွေ ကို ဆွေးနွေးမှာပါ။
တရုတ်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး ကွမ်ယောင်ဆယ်က လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ကျေနပ်စရာရလဒ်တွေ ရဖို့ အပြုသဘော ပြောဆိုပါတယ်။
တောင်ကိုရီးယားသမ္မတဟာ စွန့်ဦးတီထွင်လုပ်ငန်းများ တိုးတက်ရေး ပံ့ပိုးဖို့ ရည်ရွယ်တဲ့ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကို လာရောက် မိတ်ဆက်ဖို့၊ ဒေသတွင်း စွန့်ဦးတီထွင်လုပ်ငန်းတွေ အရေး အတွေးအခေါ်တွေ ဖလှယ်ဖို့ အေပက်ညီလာခံနဲ့ အေပက် စီးပွားရေး အကြံပေးကောင်စီတို့နဲ့ ဆွေးနွေးမှာလဲ ဖြစ်ပါတယ်။
