ဘိုင်ယန်မြူးနစ်က ဖရန့်ဖတ်ကို ၄ ဂိုးပြတ်ဖြင့် အနိုင်ရ

မနေ့ညက ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဖရန့်ဖတ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ အနိုင်ဂိုးတွေကို တိုက်စစ်မှူး သောမတ် မူလာနဲ့ ရှာကီရီတို့ သွင်းယူပေးတာ ဖြစ်ပါတယ်။ _78855937_muller_gettyပထမဂိုးကို တောင်ပံက ဖရန့် ရီဘာရီ ဆင်ပေးတဲ့အလုံးကနေ တိုက်စစ်မှူး မူလာက ပိတ်ယူပါတယ်။ ဘိုင်ယန်ဟာ ဒီနှစ်ရာသီမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က ကွင်းလယ် အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် တွေလည်း ပိုရခဲ့တာပါ။ ဒီပွဲမှာ တိုက်စစ်မှူး မူလာ ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားတဲ့ ၇ ပွဲမှာ လက်ရှိ ချန်ပီယံ ဘိုင်ယန်က ၆ ပွဲမြောက် အနိုင်ရတာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်တဲ့ ဘိုင်ယန်က ၂၇ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက ၀ူ့စ်ဘာ့အသင်းကို ၇ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။

More News
Up