ရီးရဲလ်နှင့်ဘာစီ ၂ သင်းလုံး အနိုင်ရ

760
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ အသင်းကြီး ၂ သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ နှစ်သင်းစလုံး အနိုင်ရသွားပါတယ်။
ရီးရဲလ်က အိမ်ကွင်းမှာ ဗယ်လီကာနို အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ အနိုင်ဂိုးတွေကို ဘေးလ်၊ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့က သွင်းယူပေးတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက်တော့ ဒီနှစ်ရာသီမှာ ရီးရဲလ်အတွက် ၁၀ ဂိုးမြောက် သွင်းယူပေးနိုင်တာပါ။ ဒီပွဲနိုင်လို့ ရီးရဲလ်က လာလီဂါ အမှတ်ပေးဇယားမှာ ၂၇ မှတ်နဲ့ ဆက်လက် ဦးဆောင်နေပါတယ်။
ပြိုင်ဘက် ဘာစီလိုနာအသင်းလည်း အဝေးကွင်းမှာ အယ်မီရီယာကို နောက်ကနေ လိုက်ကစားပြီးမှ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဂိုးတွေကို နေမာနဲ့ အယ်ဘာတို့ သွင်းယူပေးတာပါ။
အနိုင်ဂိုး ၂ ဂိုးစလုံးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး ဆွာရက်က ဖန်တီးပေးတာ ဖြစ်ပါတယ်။
