လီဗာပူးနှင့်ပွဲတွင် တိုက်စစ်မှူး ကော်စတာ ပြန်ပါမည်ဟု ချဲလ်ဆီးနည်းပြပြော

1.4K
အန်ဖီးလ်ကွင်းမှာ ဒီနေ့ည လီဗာပူးနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်မှာ တိုက်စစ်မှူး ဒီယေဂို ကော်စတာ ပြန်လည် ပါဝင်မယ်လို့ ချဲလ်ဆီး နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။
[caption id="attachment_70237" align="alignright" width="300"]
ကော်စတာ[/caption]
စပိန် တိုက်စစ်မှူးဟာ တကောက်ကြော ဒဏ်ရာ ပြန်လည် သက်သာလာလို့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ကော်စတာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးသွင်း အများဆုံး သူ အဖြစ် ဦးဆောင်နေပါတယ်။
လက်ရှိ ပရီးမီးယား လိဂ်အမှတ်ပေး ဇယားအရ ချဲလ်ဆီးအသင်းဟာ ၁၀ ပွဲကစား ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁ မှာ ရပ်တည်နေပြီး လီဗာပူးအသင်းကတော့ ၁၀ ပွဲကစား ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
