DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ တွေ့ဆုံ
DVB
·
November 8, 2014
သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ တွေ့ဆုံ
Donate to DVB

တရုတ်နိုင်ငံ ဘေဂျင်းမှာ  ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဒီနေ့ တွေ့ဆုံပါတယ်။

[caption id="attachment_70225" align="alignright" width="300"]သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ[/caption]

ကျင်းပနေဆဲ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (အေပက်) အဖွဲ့ ၀န်ကြီးအ ဆင့် ဆွေးနွေးပွဲ အပြီး အေပက်ထိပ် သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဦးသိန်းစိန် ဟာ ဘေဂျင်း မှာ ရောက်နေတာပါ။ သမ္မတ နှစ်ယောက်ဟာ ခန်း မဆောင်မှာ နှုတ်ဆက်ပြီး ဆွေးနွေးကြပါတယ်။

အေပက်အဖွဲ့ဟာ နိုင်ငံပေါင်း ၂၁ နိုင်ငံ ပါဝင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၊ စီးပွားရေးထုတ်လုပ်မှုရဲ့ ၅၄ ရာခိုင်နှုန်း၊ ကုန်သွယ်ရေးရဲ့ ၄၄ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

ဆွေးနွေးပွဲမှာ ရှေ့တန်းရောက်နေတဲ့ ကိစ္စတွေကတော့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်သစ် တည်ဆောက်ဖို့နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ ဖြစ်ပါတယ်။

တရုတ်က အာရှပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ (FTAAP) ကို ဖော်ဆောင်ဖို့ တွန်းအားပေးနေတာကို တချို့က အမေရိကန်ရဲ့ ပစိဖိတ်လွှမ်းခြုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TPP) နဲ့ အပြိုင်ဖြစ်ဖို့ ကြိုးစားနေတာလို့ မြင်ကြပါတယ်။

အမေရိကန်ရဲ့ အစီအစဉ်ထဲမှာ ၁၂ နိုင်ငံ ပါဝင်ပေမယ့် တရုတ်ကိုတော့ ချန်ထားခဲ့တာပါ။

အမေရိကန်ရဲ့ အစီအစဉ် အကောင်ထည်ပေါ်သွားရင် ဗီယက်နမ်ကနေ၊ ချီလီ၊ ဂျပန်အထိ လွတ်လပ်တဲ့ ကုန်သွယ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာဖွယ် ရှိပါတယ်။

ဒါဟာ လူဦးရေ သန်း ၈၀၀၊ ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013