DVB Logo
Home
မြန်မာသတင်း
ရှမ်းနှစ်သစ်ကူးပွဲတော် တောင်ကြီးတွင် ၇ ရက်တိုင် ကျင်းပမည်
DVB
·
November 8, 2014
ရှမ်းနှစ်သစ်ကူးပွဲတော် တောင်ကြီးတွင် ၇ ရက်တိုင် ကျင်းပမည်
Donate to DVB

ရှမ်းပြည်နယ်အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ ဗဟိုရှမ်းစာပေယဉ်ကျေးမှုအသင်းက ဦးဆောင်ပြီး ရှမ်းသက္ကရာဇ် ၂၀၁၉ နှစ်သစ်ကူးပွဲတော်ကို ပြည်နယ်မြို့တော် တောင်ကြီးမှာ ၇ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက ကြေညာထား ပါတယ်။

1497472_595207637272475_2844627901046066212_nနိုဝင်ဘာလ ၁၈ ရက်ကနေ ၂၄ ရက်နေ့ထိ ၇ ရက်တာကာလ အတွင်း ကောက်သစ်ဦး အလှူပွဲ၊ ကောက် သစ်စားပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေနဲ့အတူ ရှမ်းပြည်နယ်က မြို့ရွာသမိုင်း၊ လူမျိုး သမိုင်း နဲ့ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲ၊ ရိုးရာဝတ်စား ဆင်ယင်မှုပြိုင်ပွဲ၊ မီးပုံးပျံပြိုင်ပွဲ၊ သစ်သီးအလှပန်း အလှပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ယဉ်ကျေးမှုပြခန်း နဲ့ တိုယိုတာကားဆယ်စီး ကံစမ်းမဲ ဖောက်ပေးမယ်လို့ ကြေငြာထားချက်အရ သိရပါတယ်။

အရင်တုန်းက ရှမ်းနှစ်သစ်ကူးပွဲကို ကိုယ့်ဒေသနဲ့ကိုယ်ပဲ ကျင်းပခဲ့ပြီး ဦးသိန်းစိန်သမ္မတ လက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်လာတဲ့အခါမှာ ရှမ်းလူမှုအခြေပြုအဖွဲ့၊ နိုင်ငံရေးပါတီနဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းပြီး ဗဟိုအနေနဲ့ပါ ကျင်းပလာခဲ့တာမှာ မနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ မြို့တော် တောင်ကြီးမှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။

ရှမ်းသက္ကရာဇ်ကို ရှေးခေတ် ရှမ်းမင်းများလက်ထက်  မောပြည်ထောင် တည်ထောင်တဲ့ သာသနာတော်နှစ် ၄၅၀  နတ်တော်လဆန်း ၁ ရက်နေ့ နဲ့ ရှမ်းနယ်ပယ်ထဲကို ဗုဒ္ဓဘုရားရှင် ပိဋကတ်သုံးပုံ စတင် ပင့်ဆောင်လာခဲ့တဲ့ နေ့အထိမ်းအမှတ်အဖြစ် စတင်ရေတွက် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013