ဆူဇူကီးဖလားပွဲ မြန်မာပရိသတ်အတွက် လက်မှတ်ပိုရောင်းပေးရန် ညှိနှိုင်းနေ

စင်ကာပူမှာ ကျင်းပမယ့် ၂၀၁၄ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ မြန်မာအသင်း ယှဉ်ပြိုင်မယ့်ပွဲစဉ်တွေမှာ မြန်မာပရိတ်တွေ အားပေးနိုင်ရေးအတွက် လက်မှတ်တွေ ပိုမိုရောင်းချပေးဖို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ 10648303_786664964705339_7762705019670710633_o-622x414မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးက “စင်ကာပူက ကျနော်တို့ ဒုတိယအိမ်လိုဖြစ်နေတာပေါ့၊ မြန်မာတွေအများကြီး ပရိသတ်တွေ အများကြီး၊ မြန်မာဘောလုံးချစ်တဲ့လူတွေလည်း အများကြီးဆိုတော့ အများကြီးကြည့်ချင်ကြတာပေါ့။ ခက်တာက တဖက်မှာလည်း ကျနော်တို့က အိမ်ရှင်မဟုတ်တော့  သူတို့ ပေးတဲ့ခွဲတမ်းနဲ့ ကျနော်တို့က သွားရတာ။ ကြည့်လိုအားနဲ့ ရောင်းပေးတဲ့လက်မှတ် ကွာနေတယ်။  အဲဒါကြောင့် ကျနော်တို့ကို ကူညီပေးပါဆိုပြီး တောင်းဆိုထားတယ်။ ကိုယ့်ပရိသတ်တွေ ကွင်းထဲမှာ ကြည့်လို့ရအောင်ဆိုပြီး စင်ကာပူဘောလုံးအဖွဲ့ချုပ်နဲ့ရော၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ်နဲ့ရော ညှိနေတယ်။ ဥက္ကဋ္ဌ ကိုယ်တိုင်လည်း ဖုန်းလှမ်းဆက်ထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က ပရိသတ် ၅ သောင်းခွဲဆန့်  အမျိုးသားအားကစားကွင်းမှာ ကျင်ပမယ့် စင်ကာပူ- မြန်မာပွဲစဉ်အတွက်   မြန်မာပရိသတ် ၃ ထောင်၊ ၄ ထောင်စာ လက်မှတ်တွေ ခွဲတမ်းချ ရောင်းချပေးထားတယ်လို့ ဆိုပါတယ်။ ဂျလမ်ဘီဆာကွင်းမှာ ကျင်းပမယ့် မြန်မာ-မလေးရှားပွဲစဉ်အတွက်တော့ မြန်မာပရိသတ် ၁၇၀၀ စာ လက်မှတ်ရောင်းပေးထားပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ကတော့ မြန်မာပရိသတ်တွေ လက်မှတ်တွေပိုရအောင်၊ စည်းကမ်းတကျ အားပေးနိုင်အောင်နဲ့ မြန်မာနိုင်ငံတော်အလံ အသင်းဂျာစီအင်္ကျီအပါဝင် အထိမ်းအမှတ်ပစ္စည်းတွေ ရောင်းချပေးဖို့ ညှိနှိုင်ဆောင်ရွက်ရေးအဖွဲ့တဖွဲ့လည်း ခုရက်ပိုင်းအတွင်း စင်ကာပူကို စေလွှတ်သွားဖို့ စီစဉ်နေပါတယ်။ ဆူဇူကီးဖလားဘောလုံးပွဲ အုပ်စု (ခ) ပွဲစဉ်တွေအဖြစ် မြန်မာအသင်းဟာ နိုဝင်ဘာ ၂၃ ရက်မှာ မလေးရှားအသင်း၊ နိုဝင်ဘာလ ၂၆ ရက်မှာ စင်ကာပူအသင်းနဲ့ နိုဝင်ဘာ ၂၉ ရက်မှာ ထိုင်းအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ လတ်တလောမှာတော့ မြန်မာ့လက်ရွေးစင် အသင်းသားတွေဟာ ဒီပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ကာတာနိုင်ငံမှာ ကလပ်အသင်းတွေနဲ့ ခြေစမ်းကစားရင်း လေ့ကျင့်ပြင်ဆင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up