Live
Home
မေးမြန်းခန်း
လိပ်ကျွန်းလူသတ်မှု ပေါက်တူးနှောင့်နဲ့ တချက်စီပဲ ထုတာတဲ့- ဘာသာပြန် ကိုရဲ
အေးနိုင်
·
November 7, 2014
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက လူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ရဲတပ်ဖွဲ့အကြား ဘာသာပြန်ပေးတဲ့ ကိုရဲကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ [caption id="attachment_70179" align="aligncenter" width="368"]ကုိရဲ(အက်ႌအျဖဴ၀တ္ထားသူ) ကုိရဲ(အက်ႌအျဖဴ၀တ္ထားသူ)[/caption] ၀င်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဖမ်းဆီးစဉ်က ကိုရဲတို့ ဘာသာပြန်ဆောင်ရွက်တဲ့ အခြေအနေကို ပြောပြပါ။ “ဘာသာပြန်ဆိုတာ ဒီက ကျနော်တယောက်တည်းမဟုတ်ဘူး။ နောက်တယောက်ရှိသေး တယ်ခင်ဗျ။ မွန်မ တယောက်။ မိန်းကလေးတယောက်ရှိသေးတယ်။ ၀င်းဇော်ထွန်းဆိုတဲ့ ကောင်လေးကို စူရတ် (စူရတ်ဌာနီမြို့) မှာ ဖမ်းမိတယ်။ သူက ခိုတောင်လှေနဲ့ပါလာတဲ့အချိန်မှာပေါ့။ ခိုတောင်လှေနဲ့ပါလာတဲ့အချိန်မှာ ဖမ်းမိတယ်။ ဖမ်းမိတဲ့အချိန်မှာ သူ့ကိုစစ်တယ်။ ကျနော့်ကို ဘာသာပြန်ခိုင်းတော့ သူက ဒီကို ပန်းရန်လုပ်ဖို့လာတာလို့ ပြောတယ်။ သူဒီကိုဘာလာလုပ်တယ်၊ သူ့အဖေနာမည်၊ အမေနာမည်တွေ။ သူတို့နောက် ဒီအန်အေတွေ ဘာတွေစစ်တယ်ဆိုတာ ကျနော်ကတော့ မသိဘူးပေါ့ဗျာ၊ ဒီအန်အေဆိုတာ နောက်မှ သိရတာပေါ့။ အဲဒါ သူတို့ ဘာသာပြန်တဲ့အချိန်မှာ သူ့ကို ဒီမှာစစ်တယ်။ စစ်လည်းပြီးရော ကျနော်တို့ ဒီ အချုပ်မှာပေါ့လေ။ အချုပ်ထဲတော့ မထည့်ပါဘူး။ ကျနော်တို့ ဒီအမှုစစ်ခန်းမှာပေါ့။ ထောက်လှမ်းရေးရုံးခန်းမှာ သူ့ကိုစစ်တယ်။ သူ့ကို သေးတွေ ဘာတွေ စစ်ပြီးတာနဲ့ ကျနော်တို့ ဖာ့က်ပက် (အမှတ် ၈ တိုင်းရုံး) ဆိုတဲ့နေရာကို ကျနော်တို့နဲ့ နည်းနည်း ကားမောင်းရင် မိနစ် (၂၀) ကျော်လောက်တော့ မောင်းရတာပေါ့နော်။ အဲဒီနေရာကို သူတို့ခေါ်သွားတယ်။ သူတို့တိုင်းရုံးပေါ့နော် ဖာ့က်ပက်ဆိုတဲ့နေရာကို ခေါ်သွားပြီးတော့ အဲဒီမှာ စစ်တယ်။ စစ်တဲ့အခါမှာ စစ်တဲ့အထိလည်း ဒီကလေးက ကျနော်လည်း ဘာသာပြန်ပေးတာ အဲလိုပဲ။ သူ့ကိုယ်ရေးရာဇ၀င်ပေါ့နော်။ အဲဒါတွေယူတယ်။ စစ်တဲ့အချိန်မှာ သူက မပြောသေးဘူး၊ မဖော်သေးဘူး။ မဖော်ဘဲနဲ့ နောက်ထပ် (၁၅) မိနစ်လောက်မှာ ကျနော်လည်း ဗိုက်တအားဆာနေပြီပေါ့နော်။ ကျနော်ထမင်းစားနေတဲ့အချိန် အဲဒီကလေးကို တယောက်တည်း ခေါ်သွားလိုက်တယ်။ အရာရှိအခန်းကို ခေါ်သွားပြီးတော့ သူတို့စစ်ဆေးတယ်။ စစ်ဆေးတဲ့အချိန်မှာ ကျနော်ထမင်းစားနေတာနဲ့ ကျနော့်ကို ဘာသာပြန်ခေါ်လိုက်တယ်။ ‘လာလာ’ တဲ့၊ ‘ထမင်းစားလို့ပြီးပြီလားတဲ့’‘ပြီးပြီ’ လို့။ “ကျနော် အဲဒီကလေးနားကို ရောက်သွားပြီးတော့ အဲဒီကလေးက ဘာစိတ်ကူးပေါက်ပြီးတော့ ဘယ်လိုဖြစ်တယ်တော့ မသိဘူး။ ကျနော်တောင်မှ ကြက်သီးမွေးညင်းထသွားတယ်။ ‘ကျနော်တဲ့၊ အစ်ကိုတဲ့’ ဘာဖြစ်ဆို ကျနော်က သူ့ကို ဘာသာပြန်ပေးတယ်ဆိုတာက သူတို့က စကားသက်သေရော၊ သတင်းထောက်တွေရော အကုန်လုံးရှိနေတယ်ဗျာ။ လူကြီးတွေလည်းရှိနေတယ်။ ကျနော်က သူ စကားတခွန်းပြောရင်၊ သူက (၁) ဆိုရင် ကျနော်က (၁) ပဲ ပြန်ပေးလို့ရတယ်။ (၂) ပြန်ပေးလို့ မရဘူး။ (၂) ပြန်ပေးရင် ကျနော် ထိမှာပေါ့ မဟုတ်ဘူးလား။ အနောက်မှာ တိုင်းမှူးတွေရော၊ ဘာတွေရော။ အဲဒီမှာ အနိမ့်ဆုံးအဆင့်က စာလ၀ပ် (စစ်ဆေးရေးအရာရှိ) ဆိုတဲ့အဆင့်ပဲရှိတယ်။ ထိုင်းရဲတွေအများကြီးပဲ၊ လူကြီးတွေပေါ့ဗျာ။ “အဲဒီအချိန်မှာပဲ အဲဒီကလေးက ဘာစပြောလိုက်လဲဆိုတော့ ‘အစ်ကိုတဲ့ ကျနော် ၀န်ခံလို့ရှိရင်ပေါ့နော်၊ သေဒဏ်ကျနိုင်လားတဲ့ ဒီအမှုကတဲ့’ အဲဒီကလေးက ကျနော့်ကို ပြောလိုက်တယ်။ ၀င်းဇော်ထွန်းဆိုတဲ့ ကောင်လေး၊ ဒီမှာ ဖမ်းမိတဲ့ကောင်လေးပေါ့။ ငယ်ငယ်လေးနဲ့ကောင်လေး။ ကျနော်ကပြောတယ် ‘ညီလေး မင်း မဟုတ်ဘဲနဲ့ ၀န်မခံနဲ့နော်’ ‘အစ်ကိုတဲ့ ကျနော် သေဒဏ်ကျလားတဲ့’ ‘သေဒဏ်ကျတာ၊ မကျတာ ကျနော်လည်း မသိဘူး။ မင်းအမှုက သေးသေးလေးကိတ်စမဟုတ်ဘူး။ ‘မဟုတ်ဘူးတဲ့ ကျနော် ၀န်ခံလို့ရှိရင် သေဒဏ်ကျနိုင်လားတဲ့’။ အဲတော့ ကျနော်က ရဲတွေက ကျနော့်ကို တခါ ပြန်မေးတယ်။ သူဘာပြောတာလဲတဲ့။ ကျနော့်ကိုမေးတာလည်း ဘေးနားမှာလည်း လူတွေရှိတာပေါ့ဗျာ။ ဒါပေမယ့် ယူနီဖောင်းနဲ့မဟုတ်တဲ့အတွက် ကျနော်ကလည်း လိမ်ပြောလို့ မရဲဘူး။ ဘေးနားမှာလည်း အများကြီးပဲ။ ဗမာတွေလား၊ ရှမ်းတွေလား မသိဘူး။ ဘောင်းဘီဝတ်ထားတော့ ကျနော်က ဗမာ၊ ရှမ်းဆိုတာ နဖူးမှာ စာရေးထားတာမဟုတ်တဲ့အတွက် ကျနော်လည်း မသိနိုင်ဘူးလေ။ တခြားသူတွေလည်းအများကြီးဆိုတော့ ကျနော့်မှာလည်း လိမ်မရဲဘူး။ အဲဒါ ပြီးလည်း ပြီးရော သူ့ကို မေးပါလေရော။ မေးတော့ သူက ကျနော်ပြောတယ်၊ သူက ဒ်ီလိုဝန်ခံရင် သေဒဏ်ကျမလားဆိုတော့ သူတို့ရဲ့ ဒါက ရဲပရိယာယ်ပေါ့ဗျာ။ ၀န်ခံမယ်ဆိုရင်တော့ အမှုပေါ့တယ်ပေါ့။ ကျနော်ထင်တာတော့ ဒီကလေးက ဘယ်လိုဖြစ်သွားလဲ မသိဘူးဗျာ။ သူနဲ့ကျနော်နဲ့ (၁၅) မိနစ်လောက်ပဲ ထမင်းစားချိန်လေး အခန်းထဲမှာ သူ့ကို ခေါ်ပြီးစစ်တယ်။ အဲဒီအချိန်မှာ သူက ပြောလိုက်တာက ကျနော် ၀န်ခံလို့ရှိရင်တဲ့ သူပြောတဲ့စကားအသံတွေပဲ သူတို့စက်နဲ့ ဖမ်းထားတာရှိမှာပေါ့နော်။ ကျနော်တွေ့တာတော့ ဘေးမှာ စက်တွေရှိနေတာကိုး။ ကျနော်နဲ့ပြောတဲ့ပုံတွေကော၊ ကျနော် သူနဲ့ စကားပြောနေတဲ့ပုံတွေ၊ အဲဒီအချိန်မှာ အမှုကို သူက ၀န်ခံလိုက်တယ်။ ထမင်းမစားခင် အဲဒီကလေးက ၀န်ခံလို့လား။ “မဟုတ်ဘူး မဟုတ်ဘူး။ ကျနော်ထမင်းစားပြီးသွားပြီ။ ထမင်းစားပြီးတော့ သူတို့ ကျနော့်ကို ခေါ်လိုက်တာ ကျနော့်ကို အပြင်မှာ။ အဲဒီကလေးကို (၁) ခန်း။ ကျနော့်ကို (၁) ခန်း။ ကျနော်က ထမင်းစားတော့ သူတို့ ကျနော်ကို အပြင်ထုတ်သွားတယ်။ အပြင်ထုတ်သွားတယ်ဆိုတာ အပြင် သီးသန့် (၁) ခန်းမှာပေါ့ ကျနော့်ကို သူတို့ရဲပဲ ထမင်းဝယ်လာပြီးတော့ ထမင်းကျွေးတယ်။ သူတို့ရဲအရာရှိတွေလည်း ၄၊ ၅၊ ၆ ယောက်ရှိမယ် စားကြတာပေါ့။ စားပြီးတာနဲ့ ကျနော့်ကိုလာခေါ်တယ်။ အဲဒီရုံးခန်းထဲမှာပဲပေါ့။ ဒါပေမယ့် အခန်းကတော့ တခန်းစီပေါ့။ ဘာသာပြန်ထမင်းစားလို့ ပြီးပြီလားတဲ့ ရဲတယောက်က လာခေါ်တယ်။ ပြီးပါပြီလို့။ အဲလို ပြောနေတဲ့အချိန်မှာ အဲဒီကလေးက အဲဒီလို အဲဒီမှာ ရဲတယောက်။ အရာရှိလား ဘာလဲတော့ မသိဘူးဗျာ ယူနီဖောင်းမ၀တ်ထားတဲ့အတွက်ပေါ့နော်။ သူတို့ပြောတာတော့ အရာရှိပိုင်းကလို့ ပြောတာပဲ။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ အဲဒီလူ (၁) ယောက်ကနေ စစ်လိုက်တယ်။ အဲဒီအချိန်မှာ အဲဒီကလေးက အဲဒီစကားကို ပြောလိုက်တယ်။ သူပြောတဲ့အတိုင်းကိုပဲ ကျနော်က အားလုံးကို ဘာသာပြန်ပေးရတယ်။ အဲလို ဘာသာပြန်ပေးနေတဲ့အချိန်မှာပဲ မွန်မဆိုတာကတော့ နောက်မှ ကျနော် သိရတာပေါ့နော်။ နောက်ထပ် အခန်းကြီးထဲကို ခေါ်သွားတာပေါ့နော်။ ခေါ်သွားပြီးတော့ အမှုကို၊ ကျနော်လည်း သူ မွန်မဆိုတာ မသိဘူး။ မွန်မဆိုတာ စာရေးထားတာမဟုတ်ဘူး။ ထဘီနဲ့မဟုတ်ဘူး ဘောင်းဘီဝတ်ထားတယ်။ အဲဒီမွန်မက ဘယ်မှာနေလဲဆိုတော့၊ နောက်မှပြောပြတာနော် သူ့ကိုစစ်ပြီးတော့မှ။ စကားကို ကျနော်ဖြတ်ပြောတာ မွန်မဆိုတာက နောက်မှ ကျနော်ပြောပြမယ်။ အဲဒါနဲ့ အဲဒီအချိန်မှာ ကောင်လေးကို ကျနော့်ကို ဘာသာပြန်ခိုင်းတယ်။ ဘာသာပြန်တော့ သူက ၀န်ခံတယ်။ အဲဒီ သူတို့သတ်တာ မှန်ကန်တယ်ပေါ့နော်။ သူတို့သေဒဏ်ကျမှာကြောက်လို့၊ မပြောရဲလို့။ သူတို့ ပေါက်တူးနဲ့ ဘယ်လိုခုတ်တာတို့။ ကောင်မကို သူတို့ ဘယ်လိုမုဒိမ်းကျင့်တာတို့၊ သူပြောပြတယ်။ ဒါပေမယ့် ကျနော် သူ့ကို သေချာမေးပါတယ် ညီလေးနော် ၀င်းဇော် မဟုတ်ဘဲနဲ့ ၊ ဒါပေမယ့် သူတို့ ရဲတွေလည်းမေးပါတယ်။ မဟုတ်ဘဲနဲ့ဝန်ခံတာလား၊ ကြောက်လို့ဝန်ခံတာလား။ သူက ၀န်ခံလိုက်တယ်။ ဒါပေမယ့် ကျနော်နဲ့ သူနဲ့ (၁၅) မိနစ်လောက်၊ မိနစ် (၂၀) လောက် အကွာမှာတော့ အဲဒီအချိန်မှာ ဘယ်လိုဖြစ်သွားလဲ မသိဘူးနော်။ မှန်လုံခန်းတွေနဲ့။ သူဝန်ခံတယ်။ သူဝန်ခံတဲ့အတိုင်းကို ကျနော် ဘာသာပြန်ပေးရတယ်။ ကိုရဲ ထမင်းမစားခင်၊ မကင်းကွာခင်က ကလေးနဲ့ စကားပြောခွင့်ရလား။ “ရတယ်၊ ရတယ်။ အတူတူပဲရှိနေတယ်။ ကျနော့်ဘေးနားမှာ ဘာသာပြန်ပေးနေတာပဲ။” အဲဒီတော့ ပထမပိုင်း ကိုရဲထမင်မစားခင်က သူက ဘာပြောလဲ။ “မပြောသေးဘူး။ ဒါပေမယ့် စာရွက်စာတမ်းတွေ သူတို့ပြတယ်။ ဓာတ်ပုံတွေပြတယ်။ ပြတယ်ဆိုတာဗျာ။ သူနဲ့လည်း ခပ်ဆင်ဆင်ပဲ။ အခုနောက်ပိုင်းမှ ကျနော်လည်းသိရတာဗျာ၊ ဒီ လူကြီးသားဆိုလား ဘာဆိုလား။ ဓာတ်ပုံထဲမှာ နောက်မှ ဇဝေဇ၀ါနဲ့၊ နောက်တော့။ အင်းဒီကလေးနဲ့လည်း ခပ်ဆင်ဆင်ပဲလို့ ၀င်းဇော်ထွန်းဆိုတဲ့ ကောင်လေးနဲ့က။ ၀င်းဇော်ထွန်းက သူ့ထက်အကောင်သေးတယ်။ ဟိုကောင်ကနည်းနည်း တီဗွီထဲမှာ ကြည့်ရတာနော် ဒီကောင်က အကောင်ကြီးမလားတော့ မသိဘူး။ ပုံစံနဲ့ ရုပ်ချင်းကတော့ ခပ်ဆင်ဆင်ပဲ။ သူတို့အနေအထားကလေ။ အဲဒီ ဘောင်းဘီတိုနဲ့ ပြေးတဲ့ပုံ။ သူတို့က၊ ၀င်းဇော်ထွန်းက မင်းပုံလားဆိုတော့ ဖြစ်ရင်လည်းဖြစ်နိုင်တယ်ပေါ့ ကျနော်ပုံပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဖေ့စ်ဘွတ်ထဲမှာ တင်တယ်ဘာညာဆိုတာ ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ပေါ့။ တခုဆိုးသွားတာက သူပြောလိုက်တဲ့စကားတွေက သူရဲ့ဝန်ခံချက်နဲ့ ပေါ့နော် အဲဒီနိုင်ငံခြားသားဆီက ဖုန်းက ဘယ်မှာလဲ။ ဖုန်းက သူ့သူငယ်ချင်း လင်းလင်းဆိုတဲ့ကောင်လေးဆီမှာ။ သူက လင်းလင်းအိမ်မှာနေတယ်။ နောက်ပြီးတော့ နောက်တချက်က သူက မျက်မှန်။ နိုင်ငံခြားသားဆီက သူ ပိုက်ဆံတော့မယူသွားဘူး မျက်မှန်တလက် ဘောင်းဘီအိတ်ထဲက နှိုက်ယူသွားတယ်။ နောက်နေ့မနက်မှာ ရုတ်ရုတ်သဲသဲ သတင်းတွေကြားတော့ သူ ကြောက်ပြီးတော့ အဲဒီမျက်မှန်ကို ချိုးပြီးတော့ လွှတ်ပစ်လိုက်တယ်။ အဲလိုမျိုး၊ ဖုန်းကတော့ သူ့သူငယ်ချင်းကို ပေးထားတယ်။ သူ့သူငယ်ချင်း လင်းလင်းဆိုတဲ့ကောင်လေး၊ သူနေတဲ့အိမ်မှာပေါ့နော်။ အဲဒါ လင်းလင်းကနေပြီးတော့ အဲဒီဖုန်းကို ထုချေလိုက်လား ဘာလဲတော့မသိဘူးပေါ့ ဒါ နောက်ပိုင်းမှ သူပြောတဲ့စကားတွေနော်။” လင်းလင်းဆိုတာ ဇော်လင်းကို ပြောတာလား။ “မဟုတ်ဘူး လင်းလင်းဆိုတာ နောက်သပ်သပ်ရှိသေးတယ်။ ၀င်းဇော်ထွန်းဆိုတဲ့ ကောင်လေးနေတဲ့ အိမ်လို့ ပြောတယ်။” ၀င်းဇော်ထွန်းကလေ၊ ကိုရဲထမင်းစားပြီးလို့ ပြန်လည်းပြန်ရော၊ ကျနော်သေချာအောင်မေး တာ၊ ကိုရဲတို့ ဘာသာပြန်တာလွဲတယ်ဆိုတဲ့စကားတွေ ဖေ့စ်ဘွတ်ခ်မှာဖော်ပြနေလို့ သေချာအောင် မေးရတာပါ။ ၀င်းဇော်ထွန်းက ကိုရဲထမင်းစားပြီးတဲ့အချိန်မှာ တိုက်ရိုက် ၀န်ခံတဲ့ဥစ္စာကလေ၊ ဘာတွေကို ၀န်ခံတာလဲ။ မုဒိမ်းကျင့်တယ်လို့ ၀န်ခံတာလား၊ ဘယ်လိုမျိုးဝန်ခံတာလဲ။ “အဲဒီ အမှုအားလုံးကိုပေါ့။ သူတို့အဲလို ဘယ်လိုလုပ်တယ်။ ဘယ်လိုသတ်တယ်။ ဘယ်လို သူတို့ ဘီယာသောက်တယ်။ ဘယ်လိုသွားတယ်၊ ဘယ်လိုလာတယ်ဆိုတာ အဲဒီမှာ အကုန်လုံး သူက စဖော်တော့တာပဲ။ အဲလိုမျိုးပေါ့။ သူအဲလို ပြောလိုက်တဲ့အချိန်မှာ ကျနော် ကြက်သီးတွေ တအားထသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါ ကျနော်တို့ အမျိုးသား တမျိုးသားလုံး သိက္ခာကျတဲ့အလုပ်ကြီး၊ ဟုတ်တယ်မဟုတ်လား ဒါနိုင်ငံနဲ့ ပြောမယ်ဆိုရင်။ ကျနော့်အနေနဲ့လည်း ဘယ်လိုခေါ်မလဲ သူ့ကို ဘုရားမှာပဲ ဆုတောင်းပေးနိုင်တယ်။ ဒါပဲရှိတယ်။ ကျနော် နေ့တိုင်းမေတ္တာပို့ပေးတယ် သူ့ကို၊ ဒါပဲလုပ်ပေးလို့နိုင်တယ်။” ကိုရဲ ဘာသာပြန်ပေးခဲ့တာကို အများ ရှင်းရှင်းလင်းလင်းသိရအောင်၊ မေးခွန်းလေး (၂) ခုလောက် မေးချင်တယ်။ ကိုရဲထမင်းစားနေတဲ့ ၁၅ မိနစ်ကြာအချိန်မှာ စစ်တာက ၀င်းဇော်ထွန်းက ထိုင်းလိုနားလည်လား။ ဒါမှမဟုတ်ရင် ထိုင်းတွေက ဗမာလို နားလည်လား။ အဲဒါကရော ဘယ်လိုမျိုးဖြစ်တာတုန်း။ “နားလည်တာ မဟုတ်ဘူး။ ဒီလိုမျိုး။ ကျနော်ထမင်းစားနေတဲ့အချိန်မှာ သူ့ကို အခန်းထဲကို ခေါ်ထုတ်သွားတယ်။ ပထမ သူနဲ့ကျနော်နဲ့ အတူတူပဲရှိနေတယ်လေ။ ဒါပေမယ့် ကျနော်ထမင်းစားတဲ့အချိန်မှာ ၁၅ မိနစ်လောက်ကြာသွားပြီ။ သူ့ကို အခန်းထဲကို ခေါ်သွားတဲ့ အချိန်မှာပေါ့နော် ကျနော် ဘာမှ မမြင်ရဘူး။ အဲဒီအခန်းကို ကျနော်တို့ မမြင်ရဘူး။ ကျနော်က ထမင်းစားတာ အပြင်မှာ၊ တခြားအဆောင်မှာ။ ဒီဘက်ကို သူ့ကို အခန်းတခန်းဘက်ကို ခေါ်ထုတ်သွားတယ်။ အဲဒီအခန်းကတော့ သူတို့ အရာရှိနေတဲ့အခန်းပေါ့။ အရာရှိ အခန်းပဲဆိုတာ ကျနော် ဘယ်လိုသိသလဲဆိုတော့ နောက်မှ အဲဒီမှာ အရာရှိတွေ ထိုင်တာ ကျနော်တွေ့တယ်လေ။” အဲဒါ ဘယ်နေရာလဲ ကိုရဲ။ “အဲဒီအခန်းက ဖာ့က်ပက်မှာပဲ။ ပြောမယ်ဆို ထခမ်း လို့ ခေါ်တာပေါ့ ဖူဖင်း ဖူဖင်း (ဖူဖင်းရဲစခန်း)။ အဲဒါ ကော့စမွီမှာလား။ “မဟုတ်ဘူး။ စူရတ်ဌာနီမှာ။” ဒါဆို ကိုရဲလည်း မသိဘူးပေါ့နော်၊ ထိုင်းတွေက ဗမာလို နားလည်လား။ ၀င်းဇော်ထွန်းက ထိုင်းလိုနားလည်လားဆိုတာ ကိုရဲလည်း မသိဘူးပေါ့နော်။ “ကျနော်လည်းမသိဘူး။” ၁၅ မိနစ်အတွင်းမှာ အဖြေပေါ်သွားတယ်ပေါ့နော်။ “အဲလိုမျိုး။ အဲဒီအချိန်မှာ နောက်ပြီးလည်းပြီးရော ကျနော်ထမင်းစာလို့ပြီးရော ကျနော့်ကို ရဲကလာခေါ်တယ်။ ရဲက ဘယ်လိုခေါ်မလဲ ကျနော် သေးပေါက်သွားတာလည်း လျှောက်လိုက်နေတယ်၊ နောက်က တကောက်ကောက်။ အဲလိုမျိုး ကျနော့်နောက်ကနေ။" ကိုရဲခုန ပြောတဲ့ ကိုယ့်နိုင်ငံသား၊ သိက္ခာ ဆိုတော့လေ။ ရဲတွေက ၀င်းဇော်ထွန်းကို ခေါ်မသွားခင် အချိန်တုန်းက အဲဒီကောင်လေး မျက်နှာအမူအရာက တခုခုကို ၀န်ခံတော့မယ့်ပုံလား။ ဘယ်လိုပုံစံမျိုးလဲ။ ကိုရဲအမြင်က ဘယ်လိုလဲ။ သူ့လိုကိုယ်လိုပဲလား။ “ကောင်လေးကတော့ မျက်နှာတွေက ညှိုးနေတာပဲဗျ။ မျက်နှာညှိုးနေတာပဲ။ ကျနော်လည်း စိတ်မကောင်းဘူး။ ဘာလို့ စိတ်မကောင်းလဲဆိုတော့ အဲဒီအချိန်ထိက သူက ပထမအထိက သူနဲ့ကျနော်နဲ့ အနီးကပ် ရှိနေချိန်အထိက သူ ၀န်မခံသေးဘူး။ အဲ နောက်မှ သူ့ကို ခွဲထုတ်သွားတယ်။ ကျနော့်ကို ထမင်းစားဖို့ ကျနော် ပြောချိန်မှာ သူတို့ ထမင်းတောင် မဟုတ်ပါဘူး ခေါက်ဆွဲကြော်လားမသိဘူး ကျနော်စားတယ်။ ကျနော် ကောင်းကောင်း မမှတ်မိတော့ဘူး။ အဲမှာ စားနေတဲ့အချိန်မှာပဲ၊ အဲဒီကျနော်ထမင်းစားနေတယ်ဆိုတာ့ ကျနော်ထမင်းစားတာကို စောင့်ရင်လည်း စောင့်နေမှာပေါ့နော်၊ ဘယ်လိုလည်းတော့ မသိဘူး။” အွန်လိုင်းတွေမှာ ဗွီဒီယိုတွေမှာ ဒီအမှုနဲ့ပတ်သက်ပြီး သံသယတွေရှိတယ်ဆိုတော့ ကိုရဲတို့ကပဲ ၀င်ရိုက်သလိုလို၊ ရဲကပဲ ရိုက်သလိုလို။ ကလေးတွေပြောတာကို ကျနော်တို့ ကိုးကားပြောတာလေ။ အဲဒီတော့ ကိုရဲရော ၀င်ထိုးသေးလား၊ ရိုက်သေးလား။ ရဲကော ရိုက်သေးလား။ “လက်ဖျားနဲ့တောင် မထိပါဘူးခင်ဗျာ။ အဲဒါတော့ ကျနော့်ကိုကျနော် ယုံကြည်ပြီးသားပါ။” ရဲကရော။ “ကျနော်ရှိတဲ့အချိန်မှာတော့ ရဲတွေရိုက်တာမတွေ့ဘူးဗျ။ ကျနော်နဲ့သူနဲ့ အနီးကပ်ရှိနေချိန်ထိ။ ခိုတောင်ကျွန်းမှာ ရဲတွေ ရိုက်တာ မရိုက်တာတော့ ကျနော်မသိဘူး။ အဲဒါတော့။ ဘာဖြစ်လို့လည်းဆို ကျနော်မျက်စိနဲ့မမြင်တဲ့အတွက် ဒီစကားကို ကျနော် မုသားလည်း မပြောချင်ဘူး။ ဘယ်လိုခေါ်မလဲဆိုတော့ ဟိုခိုတောင်ကျွန်းမှာ သူတို့ကို ဘယ်တုန်းက ဖမ်းမိထားလဲ၊ ဘယ်နှခါတုန်းက ဘယ်လိုရိုက်စစ်ထားလဲ၊ ဘယ်လို အဲဒါတွေ ကျနော် ဘာမှ မသိရဘူး။ ဘာတခုမှကို မသိရတာ။” ကိုရဲတို့ စစ်တဲ့ အဆောက်အဦကလေ သွားပြီးတော့ ရဲတွေအရာရှိတွေ အများကြီး စစ်တဲ့နေ့က ဘယ်နေ့လဲ။ မှတ်မိလား။ “အဲဒီ date က မှတ်မိလားဆိုရင် ကျနော်ပြောမယ်ဗျာ။ ခိုတောင်ကျွန်းမှာ ကျနော်လည်း ရက်မမှတ်မိတော့ဘူး။ ခိုတောင်ကျွန်းကို အဲဒါ ဒုတိယရက်ဖြစ်သွားပြီ။ ခိုတောင်ကျွန်းမှာ ကျနော်တို့ သတင်းထဲမှာ ပါတဲ့အချိန် (အောက်တိုဘာ ၃ ရက်နေ့တွင် လူသတ်မှုဖြစ်စဉ်ကို သရုပ်ပြ)။” သတင်းထဲမှာ ပါပြီးတဲ့အချိန် သူတို့သရုပ်ပြပြီးတဲ့အချိန်ရဲ့ နောက်နေ့ကျမှ ကိုရဲတို့ကို ၀န်ခံတာလား။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါ ၀န်ခံပြီးသွားပြီ။ ၀န်ခံပြီးတော့ နောက်နေ့မှ နောက်နေ့သွားတာ။ စူရတ်ကနေ သွားပို့တာ အဲဒီကောင်လေး (၀င်းဇော်ထွန်း) ကို၊ သွားပို့တဲ့အချိန်မှာ မောင်မောင်ဆိုတဲ့ကောင်လေးကိုလည်း ဖမ်းထားတယ်။ ဇော်လင်းဆိုတဲ့ ကောင်လေးကိုလည်း ဖမ်းထားတယ်။ သုံးယောက်အားလုံး ဖမ်းထားတယ်။” ကိုရဲ ဘာသာပြန်တဲ့အခန်းကို နည်းနည်း အသေးစိတ်ပြောပြပါလား။ ဘာဖြစ်လို့ ဒီကောင် ဘာတွေဝန်ခံလဲ၊ ဥပမာဗျာ-သူ့ကိုစွဲထားတာ ၅ မှု ရှိတယ်နော်။ လူသတ်မှု၊ မုဒိမ်းမှု၊ အမှုကြီး ကျူးလွန်ရဲ့သားနဲ့ လိမ်လည်ထွက်ဆိုမှု၊ ပစ္စည်း ခိုးမှု၊ ဖုန်းခိုးတာနော်။ တရားမ၀င် ၀င်ရောက်တဲ့အမှု ဆိုတော့။ အဲဒီ ၅ မှုကို ကိုရဲဘာသာပြန်ပေးတဲ့ အနေအထားကို ပြောပြပါ။ ၀င်းဇော်ထွန်းနုတ်ထွက်စကားကို မြန်မာကနေ ထိုင်းကို ဘယ်လိုဘာသာပြန်ပေးလိုက်လဲ။ “ကျနော် အဲဒီဟာတွေတော့ မပါဘူး။ အဲဒီအမှုတွေတော့ ကျနော် မသိဘူးနော်။ အဲဒါတွေ ဖုန်းခိုးမှုတွေက အစ်ကိုပြောလို့ ကျနော်သိရတာ။ အဲဒါတွေမပါဘူး။ အဲဒါတွေ မသိဘူး။” ဒါဆို ကိုရဲ ဘာသာပြန်ပေးသလောက်ပဲ ပြောပြပါ။ “အဲလို ကျနော် ဘာသာပြန်ပေးတဲ့အချိန်က အခန်းကဏ္ဍက အဲလိုမျိုးပေါ့နော်။ သူက မောင်မောင်ကို သူက ဆိုင်။ သူတို့က တဆိုင်စီပေါ့နော် လုပ်ရတာ။ လုပ်တဲ့အချိန်မှာ မောင်မောင်က အရင် ၀င်းဇော်ထွန်းဆိုတဲ့ကောင်လေးက အရင်တီး(ဂစ်တာ)။ တီးပြီးတော့ သူ မောင်မောင်ကို သွားစောင့်တယ်။ မောင်မောင်ကိုစောင့်တယ်။ မောင်မောင်ကို စောင့်ပြီတာနဲ့ မောင်မောင်ဆိုင်က။ သူက မောင်မောင်ဆိုင်ကို ဆယ်နာရီလောက်မှာ ရောက်သွားတယ်။ ၁၀ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်ဆို သူက ဆိုင်သိမ်းတယ်။ မောင်မောင်က ၁၁ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှ သိမ်းတယ်။ ၁ နာရီလောက်ကွာတယ် အဲလိုမျိုး။ သူက မောင်မောင်ကို သွားစောင့်နေတယ်။ အဲဒီ သွားစောင့်နေတဲ့အချိန်မှာပဲ ဇော်လင်းဆိုတဲ့ကောင်လေးက ဆိုင်ကယ်နဲ့ရောက်လာတယ်။ ဂစ်တာ ၁ လုံးနဲ့ဆိုင်ကယ်နဲ့ ရောက်လာတယ်။ ဆယ်မိနစ်လောက်အနေမှာ ဇော်လင်း ရောက်လာပြီးတော့ ဇော်လင်းက အဲဒီအချိန်မှာ မောင်မောင်နဲ့ သူတို့ ၊ မောင်မောင်ဆိုင်က အလုပ်မလွတ်သေးဘူး။ နောက် သူရယ်၊ မောင်မောင်ရယ်။ ဇော်လင်းရယ် ။ အခု တရားခံ ၂ ယောက်ပေါ့ဗျာ ဥပမာပြောမယ်ဆိုရင်တော့။ အဲဒီကလေး ၂ ကောင်က ဂစ်တာတောင် နည်းနည်းတီးလိုက်သေးတယ် အဲဒီနားမှာ။ အဲဒါ အခင်းဖြစ်တဲ့နေရာကို ပြောတာမဟုတ်ဘူး နော်။ မောင်မောင်ဆိုင်နားမှာ၊ အဲဒီမှာ ဂစ်တာတီးတယ်။ ဂစ်တာတီးပြီးတာနဲ့ သူက ဘယ်လိုခေါ်မလဲဆိုတော့၊ အဲဒါနဲ့ ပြီးလည်းပြီးရော မောင်မောင်လည်း အလုပ်လွတ်ရော။ သူတို့ မောင်မောင်ကို စောင့်နေတော့။ မောင်မောင်က ဘယ်သွားမလဲဆိုတော့ အလုပ်နား တယ်ပေါ့ ဘီယာသွားသောက်မယ်ဆိုပြီး ဘီယာသွားဝယ်မယ်ဆိုပြီး သွားကြတယ်။ ဆဲဗင်းဆိုင် တဆိုင်ကိုသွားကြတယ် သူတို့သုံးယောက် ဆိုင်ကယ်စီးပြီးတော့။ ဇော်လင်းက ဆိုင်ကယ်မောင်းတယ်။ ၀င်းဇော်ထွန်းဆိုတဲ့ကောင်လေးက အလယ်ကထိုင်တယ်။ ဂစ်တာ ကိုင်ထားတယ်။ မောင်မောင်က နောက်ဆုံးကထိုင်တယ်။ အဲလိုမျိုး။ ဒါက သူတို့ ပြောပြချက်အရနော်။ အဲ အဲဒီအချိန်မှာ ပြီးတာနဲ့ သူတို့ Seven ဆိုင်ရောက်တဲ့အချိန်မှာ မောင်မောင်နဲ့ ၀င်းဇော်ထွန်းနဲ့က ၀င်သွားတယ်။ ဇော်လင်းက နေခဲ့တယ်။ ဂစ်တာနဲ့ဆိုင်ကယ်နဲ့ နေနေခဲ့တယ်။ အဲဒီဆိုင်ထဲကို ၀င်သွားတယ်ပေါ့ဗျာ။ ၀င်သွားပြီးတော့ သူတို့ Beer Chang ဆင်ဘီယာ ၃ ပုလင်းဝယ်တယ်။ ဆေးလိပ်က L.M ဆေးလိပ်တဘူး ၀ယ်တယ်။ အဲဒီအချိန်မှာ မောင်မောင်က ပိုက်ဆံ ၁၀၀ (ဘတ်) ထုတ်ပေးတယ်။ ကျန်တာကို ၀င်းဇော်ထွန်းဆိုတဲ့ ကောင်လေးက စိုက်ပေးလိုက်တယ်။ အဲလို ၀ယ်ပြီးတဲ့အချိန်မှာ သူတို့ အခင်းဖြစ်တဲ့နေရာကိုပေါ့နော်။ သူတို့ တီဗွီသွားရိုက်တဲ့နေရာ၊ အဲဒီနေရာကို သူက သွားတယ်၊ သွားပြီးတော့ သူတို့ ဂစ်တာ တီးကြတယ်။ သူတို့ဂစ်တာ တီးရင်းနဲ့ မောင်မောင်ဆိုတဲ့ကောင်လေးက သူ့ရည်းစားက ဖုန်းလာလို့ ဆိုပြီးတော့ သူက ဆိုင်ကယ်နဲ့ သွားလိုက်တယ်။ မောင်မောင်ကပေါ့နော်။ မောင်မောင်ကသွားလိုက်ချိန်မှာ သူနဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းဆိုတဲ့ ကောင်လေး၂ ယောက်ပဲ ကျန်ခဲ့တယ်။ မောင်မောင်က ပြောသွားတယ်။ “ငါ့ဆော် (ချစ်သူရည်စား-ဗန်းစကား) ဖုန်းလာလို့၊ ငါပြီးရင် ငါပြန်လာခဲ့မယ်ဆိုပြီးတော့ ပြောသွားပြီးတော့ မောင်မောင်သွားလိုက်တာ တော်တော်နဲ့ မောင်မောင်က ပြန်မလာဘူးပေါ့။ အဲဒါနဲ့ သူတို့လည်း ဘီယာကုန်သွားပြီဆိုတာနဲ့ သူတို့နောက်ထပ် ၁ ခေါက် သွားဝယ်ဖို့လုပ်တယ်။ အဲဒီ မ၀ယ်ခင်မှာပဲ သူတို့ ဘီယာကုန်တာနဲ့ သူတို့ ဆေးလိပ်သောက်ပြီးတော့ ဂစ်တာတီးနေတယ်။ ဂစ်တာတီးနေတဲ့ အချိန်မှာ နောက်က နိုင်ငံခြားသားတွေပေါ့နော်။ foreigner နှစ်ယောက်၊ လင်မယားတတွဲ ပေါ့နော် လမ်းလျှောက်သွားတာ သူတို့တွေ့တယ်။ လမ်းလျှောက်နေရင်းနဲ့ သူတို့ဆီက တောင်မှ အင်္ဂလိပ်က စီးကရက် ၁ လိပ် တောင်းသောက်လိုက်သေးတယ်။ သူတို့နဲ့ ထိုင်ပြီးတော့ အဲဒီအင်္ဂလိပ်ကတောင်မှ ဂစ်တာထိုင်ပြီးတော့ သီချင်းတွေဘာတွေ အင်္ဂလိပ်လို ပြောလိုက်သေးတယ် သီချင်းဆိုလိုက်သေးတယ်ပေါ့။” သြော်... အင်္ဂလိပ်က သူတို့ဆီက ဆေးလိပ်တလိပ်လည်း တောင်းသောက်တယ်။ “သီချင်းလည်း ၀ိုင်းဆိုလိုက်သေးတယ်။ အင်္ဂလိပ်တယောက်၊ သူတို့ ဒီ အခုသူတို့သတ်တဲ့ဟာကို ပြောတာမဟုတ်ဘူးနော်၊ အဲဒီနားမှာ၊ အဲဒီနားမှာ မဖြစ်ခင်ပေါ့။ ပြဿ နာမဖြစ်ခင်။ အဲဒီအချိန်မှာ တီးသွားတီးလာ သူတို့မှာ ဘီယာကလည်း ကုန်သွားပြီဆိုတာနဲ့ အင်္ဂလိပ်လင်မယား တတွဲက သွားလိုက်တယ်။ လင်မယားလား၊ သမီးရည်စားလား မသိဘူးပေါ့ဗျာ။ သူတို့လည်း ပြောတာက။ အတွဲက သွားလိုက်တယ်။ သွားပြီးတာနဲ့ သူတို့က ဘီယာကုန်တာနဲ့ ဆက်သောက်ချင်တယ်ဆိုတာနဲ့ အဲဒီဂစ်တာကို ထားပြီးတော့ သူတို့ လမ်းလျှောက်ပြီးတော့ ဘီယာ သွားဝယ်ကြတယ်။ အဲဒီဆိုင်မှာ ထပ်ပြီးတော့၊ ဘီယာ နှစ်လုံးထပ်ဝယ်တယ် သူတို့။ ဇော်လင်းနဲ့ အခု ဒီကောင်လေးနှစ်ကောင်ပေါ့နော်။ အခု ဖမ်းခံထားရတဲ့ ကောင်လေးနှစ်ကောင် အဲဒီမှာ ဘီယာသွားဝယ်ကြတယ်။ ဘီယာသွားဝယ်ပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးတာနဲ့ သူတို့ ဘီယာသောက်တယ်။ သူတို့ ဘီယာသောက်ရင်းနဲ့ သူတို့ ဂစ်တာပြန်တီးတယ်၊ ဂစ်တာတီးတဲ့အချိန်မှာ သူတို့ အခု အသတ်ခံရတဲ့ လင်မယားတွဲပေါ့၊ သမီးရည်စားတွဲပေါ့။ သူတို့ကနေပြီးတော့ အဲဒီမှာ နှစ်ယောက် သူတို့ရှေ့ကနေ ဖြတ်သွားတာတွေ့တယ်၊ ဒါပေမယ့် အဲဒီချုံထဲကို ဘာသွားလုပ်လဲ၊ အဲဒီချောင်ထဲကို ဘာသွာလုပ်လဲ မသိဘူး။ ခုထိပြန်မလာသေးဘူးပေါ့။ သူတို့ရှေ့မှာလည်း နှုတ်ခမ်းတွေ ဘာတွေ စုပ်နေတာ သူတို့ တွေ့တယ်ပေါ့။ အဲဒါ သွားချောင်းကြည့်မယ်ဆိုပြီးတော့ အဲဒါ သူတို့က အဲဒီကိုသွားတာ။ အဲဒီနေရာကို သူတို့ သွားလိုက်တယ်။ သွားရင်းနဲ့ လမ်းမှာ၊ သစ်ပင်အောက်မှာ ပေါက်တူးတလက် တွေ့လိုက်တယ်။ ပေါက်တူးတလက်ယူသွားပြီးတော့ နောက်ကနေ သူတို့ သွားချောင်းကြည့်တယ်။ ချောင်းကြည့်တဲ့အချိန်မှာ အင်္ဂလိပ်နဲ့ အင်္ဂလိပ်မနဲ့က မတော်တရော်တွေ လုပ်နေတယ်ပေါ့ဗျာ။ အဲလိုလုပ်နေတော့ သူတို့ကလည်း စိတ်က မထိန်းနိုင်ဘူး။ အဲဒါနဲ့ ဇော်လင်းဆိုတဲ့ကောင်လေးက ၀င်းဇော်ထွန်းကို ဘယ်လို လုပ်မလဲပေါ့။ အဲဒါနဲ့ ဘယ်လိုခေါ်မလဲဆိုတော့ လူငယ်သဘာဝဆိုတော့ သူတို့တွေ နိုင်ငံခြားသားတွေကလည်း ဒီလိုလုပ်တဲ့အခါကျတော့လည်း၊ သူတို့က လုပ်ရင်လည်း သိတဲ့အတိုင်းပဲလေ အင်္ကျိချွတ်၊ ကိုယ်ချွတ်။ သူတို့မှာက သိတဲ့အတိုင်း ဒါတွေက ရိုးနေပြီ။ အဲလိုမျိုးလုပ်တဲ့အခါမှာ သူတို့စိတ်မထိန်းနိုင်လို့ သူတို့ဝင်လုပ်လိုက်တာ။ သူတို့ တမင်သက်သက် သတ်ချင်လို့တော့မဟုတ်ဘူး။ သူတို့ကို ကျနော်က ဘာသာပြန်ပေးတာက သူပြောတာက သူတို့ အဲလိုမျိုးစိတ်နဲ့ လုပ်တာမဟုတ်ဘူး။ ဒါပေမယ့် သူတို့မှာတော့ ဒီစိတ်ဖြစ်သွားတယ်ပေါ့နော်။ တဏှာစိတ်နဲ့ လုပ်မိသွားတယ်။ အဲဒါကိုတော့ ကျနော်လည်း ကာကွယ်ပေးတာပေါ့။ ကျနော်လည်းအတတ်နိုင်ဆုံးပါ။ တမင်သက်သက်လုပ်တာတော့ မဟုတ်ဘူး ကြိုတင်ကြံစည်မှုလည်း မရှိဘူး။ သူတို့ပြောတဲ့ဟာကိုပဲ ဘာသာပြန်ပေးတယ်။ အဲဒီလိုဘာသာပြန်ပေးရင်းနဲ့ဗျာ မွန်မဆိုတာ ခုနပြောသလိုပေါ့။ သူက ရောက်နေပြီ အခန်းထဲမှာ။ ကျနော်တို့ပြီးတော့ အဲဒီနေရာက တဆင့် အဲဒီဟောခန်းကြီးထဲကိုပေါ့နော်။ သတင်းထောက်တွေရော။ ဘာတွေရော ရှိတဲ့နေရာ သူတို့ထပ်စစ်တယ် သူတို့။ ထပ်စစ်တဲ့အချိန်မှာ ကျနော့်ကို အပြင်ခေါ်ထုတ်သွားတယ်။ ဘယ်သူက ခေါ်ထုတ်တာလဲ။ မွန်မက ခေါ်ထုတ်တာလား။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ မွန်မရှိနေတယ် မွန်မရောက်လာပြီ။ မွန်မဆိုတာ ကျနော် နောက်မှ သိတာနော်။ သူ့ကို တခါ ကျနော်ကပြောတယ် ကျနော့်ကို ဘာသာပြန်ပေးတာနဲ့ သူဘာသာပြန်တာနဲ့ ဟုတ်ရဲ့လား ထွက်ချက်ကို အဲဒီမွန်မကို ထပ်စစ်တယ်။ အဲဒီ ကျနော် အပြင်မှာ ၁ နာရီနီးပါး၊ နာရီဝက်နီးပါးလောက် ကြာမယ်ဗျ။ ၁ နာရီနီးပါးလောက်ရှိမလား မသိပါဘူး။ ကျနော့်ကို အအေးတွေဘာတွေ ထိုင်သောက်ပြီး သူတို့ စကားတွေ ပြောနေရင်းနဲ့ ထပ်ပြီးတော့ ထပ်စစ်တယ် တဖွဲ့။ ထပ်စစ်ပြီးတော့ ၁ နာရီနီးပါးလောက် ကြာမှ (၁ နာရီ အင်း လေးဆယ့်ငါးမိနစ်) လောက် ပတ်ဝန်းကျင်လောက် ကြာမယ်ထင်တာပဲလေ။ ကျနော့်စိတ်ခန့်မှန်းခြေပေါ့နော်။ ခန့်မှန်းပြီးပြောပြတာ ကျနော်က အဲဒီနေ့က နာရီလည်း မပါသွားဘူးဆိုတော့၊ ပြီးတာနဲ့ ကျနော့်ကို တခါ ပြန်ခေါ်တယ်။ ကျနော့်ကို ခေါ်တဲ့အချိန်မှာ အဲဒီမွန်မကို အပြင်ထုတ်လိုက်တယ်။ ကျနော့်ကို တခါ ထပ်မေးခိုင်းတယ် အဲဒီစကားတွေ။ ထပ်ပြီးတော့ အဲလိုပဲ မေးခိုင်းတာပဲ။ မေးတော့ ကွန်ပျူတာနဲ့ စက်တွေနဲ့ ရိုက်နေကြတာပေါ့ (လေး-ငါး) ယောက်။ စက်တွေကလည်း ဖမ်းထားတယ်။ အဲဒါပြီးတော့ တခါ ကျနော့်ကို ပြီးတော့တခါ အပြင်ပြန်ထုတ်သွားပြန်ရော။ ကျနော့်ကို မိနစ် ၂၀။ နာရီဝက်လောက် မေးပြီးတော့တခါ၊ အဲဒီကောင်မကို အဲဒီမွန်မကို ပြန်ခေါ်လာတယ်။ ပြန်ခေါ်ပြီးမေးတယ်။ အဲဒါမေးပြီးတော့မှ အဲဒီနောက်ပိုင်း ထိုင်နေတော့မှ မေးပြီး စက်တွေဘာတွေ သူတို့သယ်ပြီး ဘာမှမရှိတော့ဘူးဆိုတော့မှ အဲဒီတော့မှ သူတို့ ရေတွေဘာတွေသောက်၊ ကျနော်တို့ကို ရေတွေဘာတွေ တိုက်သေးတယ်။ ၀င်းဇော်ထွန်း ကိုလည်း ရေသောက်မလား၊ ဘာသောက်မလားပေါ့နော်။ အဲလိုပဲ အအေးတွေဘာတွေ ယူလာပြီးတိုက်တယ်။ တိုက်တဲ့အခါကျတော့ အဲဒီကျတော့ စကားစမိလို့ ပြောတော့မှ အဲဒါ ဗမာပဲတဲ့။ ရဲတယောက်က ကျနော့်ကို ပြောလိုက်တာ။ သြော် ဟုတ်လားလို့ ကျနော်က အဲဒီတော့မှ။ အဲဒီတော့မှ ကျနော်က အသက်အားဖြင့်က ကျနော့်ထက် ငယ်မယ်ထင်လို့ပေါ့နော်။ ‘ညီမက ဗမာလား’ဆိုတော့ ‘ဟုတ်တယ်တဲ့’၊ ‘ညီမက ဗမာပဲ’တဲ့။ ‘သူက မွန်’ တဲ့။ သြော်အဲဒီတော့မှ သူက မွန်သံပေါက်နေတာကို သိတယ်။ သူလည်း ပြောပါတယ် မွန် တဲ့။ ညီမက ဒီပုလိပ်ကြီးအိမ်မှာပဲ နေတာပဲတဲ့။ သူက မေးလိုက်သေးတယ် ‘အကိုက ဘယ်မှာနေတာလဲ’ တဲ့။ ‘အကိုက ဒီအချုပ်မှာပေါ့နော်။ နေတာကတော့ တစ်နေရာပေါ့။ စောစောက ဘာသာပြန်ပေးတယ်’ လို့။ ‘အချုပ်မှာ ဘာသာပြန်လုပ်ရတယ်’ လို့။ သူက ‘ညီမကလည်း ညီမသူဌေးက ပုလိပ်ကြီး၊ ညီမက ဘယ်မှာနေလဲဆိုတော့ ‘သူဌေးအိမ်မှာနေတယ်’ တဲ့။ ‘သူဌေးအိမ်မှာ နေတယ်ပေါ့နော်။ ကျမသူဌေးကလည်း ပုလိပ်ပဲတဲ့၊ ပုလိပ်ကြီး’ တဲ့။ သူပြောလို့ ကျနော်သိတာပေါ့နော်။ အဲဒီတော့မှ သူလည်း ဗမာပြည်သားမှန်းကိုယ်လည်းသိတယ်။ ကျနော်ဗမာမှန်းလည်း သူသိရတယ် အဲလိုမျိုး။” ၀င်းဇော်ထွန်းက စိတ်မထိန်းနိုင်ပြီး ၀င်သတ်လိုက်တယ်ဆိုတော့လေ ဘယ်ပုံဘယ်နည်း သတ်တယ်ဆိုတာကိုလည်း ရဲက မေးမှာပေါ့။ မောင်ဝင်းဇော်ထွန်းက ဘယ်လိုဖြေလဲ ကိုရဲကို။ “မေးတယ်လေ၊ မေးတယ်လေ။ အဲဒါမေးတာ ကျနော်ခုန ပြောပြပြီးသွားပြီမဟုတ်လား သူတို့ပေါက်တူးနဲ့ ဒီလိုခုတ်တယ်။ အနောက်ကနေသွားလိုက်တယ်။ သူတို့စိတ်မထိန်းနိုင် လို့။ သူတို့ မူးလည်း မူးနေကြတယ်။ ဘီယာက တယောက်နှစ်လုံးဆိုတော့ ဘီယာ Chang ဆိုတော့ ၂ လုံးဆိုတော့ဗျာ မူးလည်း မူးနေကြတယ်။ တခါမှ သူ သိပ်သောက်တော့ သောက်စားမှု မရှိကြဘူးအဲလိုမျိုး။ အဲဒီနေ့က အလုပ်နားတယ်ဆိုတော့ နားရင်းနဲစုံပြီးတော့ သောက်ကြတယ်။ အဲဒါတွေကိုပဲ ကျနော်က ဘာသာပြန်ပေးတယ်။” ကောင်လေးတွေက ပေါက်တူးနဲ့အရင်ခုတ်ပြီးမှ မုဒိမ်းကျင့်တာလား။ မုဒိမ်းကျင့်ပြီးမှ ပေါက်တူးနဲ့ခုတ်တာလား။ “သူတို့က အဲဒီအချိန်မှာ အင်္ဂလိပ်က အပေါ်ကဗျာ။ ယောက်ျားက အပေါ်က၊ မိန်းမက အောက်ကဆိုတော့ အပေါ်ကလူကို အရင်ဆုံးချလိုက်တယ် ပေါက်တူးနဲ့။ နိုင်ငံခြားသားကို ယောက်ျားတယောက်ကို အရင်ဆုံး ပေါက်တူးနဲ့ ခုတ်လိုက်တယ်။ ပေါက်တူးနဲ့ ခုတ်လိုက်တာ လဲကျသွားတယ် အဲဒီကောင်။ ပေါက်တူးနဲ့ခုတ်တာမဟုတ်ဘူး၊ ပေါက်တူး ဓားနှောင့်ရိုးနဲ့ ထုလိုက်တာ။ ပေါက်တူးအသွားနဲ့ ခုတ်တာမဟုတ်ဘူး။ အနှောင့်နဲ့ ထုတာ အနှောင့်နဲ့ထုတဲ့အချိန်မှာ လဲကျသွားတယ်။ လဲကျသွားတဲ့အချိန်မှာ သူတို့က အဲဒီအချိန်မှာ ကောင်မက ထပြေးတဲ့အချိန်မှာ သူတို့က နှစ်ယောက်က ၀ိုင်းဖက်ပြီးတော့ ရိုက်တယ် ထိုးတယ်၊ ကောင်မကို။ အဲဒီအချိန်မှာ အင်္ဂလိပ်က လဲနေပြီ၊ အင်္ဂလိပ်အထီးက လဲနေပြီပေါ့ဗျာ။ ထိုးရင်းနဲ့ ကောင်မက မေ့သွားတယ်ပေါ့ဗျာ။ မေ့သွားတဲ့အချိန်မှာ ၀င်းဇော်ထွန်းဆိုတဲ့ကောင်လေးက။ ဇော်လင်းကနေပြောတယ် ‘မင်းချမလား’ ပေါ့။ အဲဒါနဲ့ ဟိုကောင်ကလည်း ပြောတယ် ‘ချမယ်‘ပေါ့။ အဲလိုမျိုး ချနေရင်းနဲ့ပဲ အင်္ဂလိပ်က သတိရတာဖြစ်မှာပေါ့။ သူတို့စိတ်ထဲမှာတော့ သေပြီထင်သွားပြီပေါ့ ပထမတော့။ အဲဒီတော့ အင်္ဂလိပ်က နည်းနည်းလှုပ်ရှားတာမြင်တာနဲ့ ဇော်လင်း ဆိုတဲ့ကောင်လေးက၊ ၀င်းဇော်ထွန်းက အင်္ဂလိပ်မကို လုပ်နေတဲ့အချိန်မှာ ဇော်လင်းက အင်္ဂလိပ်ကို ပေါက်တူးနဲ့ သုံးလေးချက်ထပ်ချတယ်။ ယောက်ျားကို။ ပေါက်တူးနဲ့ ထပ်ရိုက်တယ် ထပ်ချတယ်ပြောတာပဲ။ အဲလို ထပ်ချ။ ထပ်ချရင်းနဲ့ ၀င်းဇော်ထွန်းက အဲဒီကောင်မကို လုပ်နေတယ်ပေါ့နော်။ အဲဒီအချိန်မှာ ကောင်မက နည်းနည်းသတိရတာနဲ့ ‘ဟာ’ မင်း ဖယ်ဖယ် ဖယ်ဖယ် ဆိုပြီးတော့ ပေါက်တူးနဲ့ တချက်ခုတ်လိုက်တယ်။ ခေါင်းနားကိုပေါ့နော်။ ပေါက်တူး အသွားနဲ့ မဟုတ်ဘူးနော်။ ဓားနှောင့်လေးနဲ့ ထုလိုက်တာ။ ထုတာ သတိလစ်သွားတဲ့ အချိန်မှာ မင်းပြီးပြီးလားလို့ မေးလိုက်တယ်။ ဇော်လင်းဆိုတဲ့ကောင်လေးက ၀င်းဇော်ထွန်းကို မေးတယ်။ မင်းပြီးသွားပြီလားပေါ့။ မပြီးသေးဘူး။ မပြီးသေးရင် မင်းဖယ်ပေါ့ ငါချမယ်ဆိုပြီးတော့ သူက တက်ချတယ်။” ဒါက ၀င်းဇော်ထွန်းပြောတာကို ကိုရဲ ဘာသာပြန်ပေးတာပေါ့နော်။ “ဟုတ်ကဲ့ ဟုတ်ကဲ့။ ဘာသာပြန်က ကျနော်တယောက်တည်းမဟုတ်ဘူး ဒီမှာ မွန်မ တယောက်ရှိသေးတယ်။ မွန်မတယောက်ဆို ကျနော့်ထက်အများကြီးတော်တယ်ဗျာ။ ရှမ်း (ထိုင်းရောက်မြန်မာများအကြားတွင် ထိုင်းကို ရှမ်းဟုသုံး) စာလည်း မွှတ်နေအောင် ရေးတတ်တယ်ဗျာ။ ရှမ်းလိုလည်း ရေးတတ်တယ်၊ ရှမ်းလိုလည်း ဖတ်တတ်တယ်။ ကျနော်က ရှမ်းလို ရေးလည်း မရေးတတ်ဘူး။ ဖတ်လည်း မဖတ်တတ်ဘူး။” ကိုရဲကို ဘန်ကောက်ပို့စ်သတင်းစာမှာပါတာတွေ့တယ်၊ ကိုရဲလက်ညှိုးညွန်နေတဲ့ အင်္ကျီအဖြူရောင်နဲ့ မဟုတ်လား။ “ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ်။ အဲဒါက ကျနော်ပြောပြမယ်ဗျ။ လက်ညှိုး ညွှန်တယ်ဆိုတာက သူတို့က ပြောတာက ဒီ ပုလိပ်က ကျနော့်ကို ပြောခိုင်းတာ ဒီဘက် အခြမ်းမှာဖြစ်တာ သေချာစဉ်းစားပြီးဖြေပေါ့။ သူတို့ ရိုက်ကွင်းရိုက်တဲ့ အချိန်မှာ ပေါ့နော်။ ဒီနေရာမှာလား ဒီဘက်မှာလား သေချာစဉ်းစားပြီးဖြေပေါ့နော်။ အဲဒါကို လက်ညှိုးညွှန်ပြ ကျနော်က ပြောပြတာ။ ညီလေး မင်းဒီဘက်မှာလား သေချာ စဉ်းစားဖြေပေါ့နော်။ နေရာမှားမှာ စိုးလို့။ သူတို့က အဲလိုလက်ညှိုးပြခိုင်းတာ နေရာမှားမှာစိုးလို့။” ကလေးက မေးတယ် ကိုရဲကို ‘ကျနော် ၀န်ခံလိုက်လိုက်လို့ရှိရင် ထောင်ငါးနှစ်ကျမလား၊ ထောင်ဒဏ်နည်းမလား။ “မဟုတ်ဘူး မဟုတ်ဘူး ‘ထောင်ဒဏ်ကျနိုင်လား၊ သေဒဏ်ကျနိုင်လား’ ပေါ့။” ကိုရဲက ဘာပြန်ဖြေလဲ။ ကိုရဲဖြေလိုက်တော့ သူအားရှိသွားလား။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါကို ပုလိပ်က ကျနော့်ကိုမေးတယ်။ သူ (၀င်းဇော်ထွန်း) ပြောတဲ့အချိန်မှာ၊ စကားတခွန်းပြောတာနဲ့ ဘာပြောတယ်ဆိုတာ ချက်ချင်းမေးတယ်။ အဲလို တခွန်းပြောရင် တခွန်းမေးတယ်။ ကျနော်က နှစ်ခွန်းပြောရင် နှစ်ခွန်းဖြေရတယ်။ အဲလိုမျိုးဖြစ်နေတယ် အဖြစ်က။” ကိုရဲကို သေချာအောင် တခုမေးချင်တယ်။ ဘာသာပြန်တာနဲ့ပတ်သက်ပြီး မှားယွင်းပြီး ဖြေတယ်လို့ ခံစားမိလား။ ခက်ခဲတဲ့ဟာတွေရှိလား။ “မှားယွင်းမှု မရှိဘူး။ ဘာဖြစ်လို့လည်းဆို ကျနော့်ကို ပြောတာ မေးတယ်ဆိုတာလည်း ကျနော့်ကိုမေးတာ နည်းတယ်။ အဲဒီမွန်မတယောက်က ကျနော့်ထက် ပိုပြီးကြာမယ် အချိန်က အဲလိုမျိုး။” ကိုရဲအခုလို အကျယ်တ၀င့်ရှင်းပြသွားတဲ့အထဲမှာ ကိုရဲ (ထမင်းမစားခင်) နဲ့ ကောင်လေးနဲ့ စကားစမြည် ပြောနေချိန်မတိုင်ခင် ကောင်လေးကို ဖမ်းထားတယ်။ ကိုရဲကို ဘာသာပြန်ဖို့ ရဲက အကူအညီတောင်းတယ်။ အဲဒီချိန်ထိ ကောင်လေးက ဘာမှမဖြစ်သေးဘူး။ “ဒီလို။ ပထမ ကျနော်တို့ ဒီကနေပြီးတော့ မနက်မိုးလင်းတော့ ဒီအန်အေ စစ်တယ်ပေါ့နော်။ သူတို့ ရဲတွေက လာကြတယ်။ ဒီအန်အေဆိုတာ ကျနော် နောက်မှ သိတာပါ။ သူတို့ အမည်းဝတ်စုံတွေနဲ့ ဘာတွေမှန်း ကျနော်လည်း မသိဘူး။ တခါမှ မမြင်ဖူးမှ မမြင်ဖူးပဲ။ အဲလိုမျိုးစစ်တယ်ဆိုတာ ကလေးကို ပါးစပ်တွေဘာတွေဟ၊ အာတွေဘာတွေဟခိုင်းပြီးတော့ သူတို့ ကလော်တယ်ဗျာ။ ဘာတွေလုပ်နေမှန်းမသိဘူး။ အဲလိုမျိုး၊ ပြီးလည်းပြီးရော သူတို့ ဆန်ပြုတ်တွေ ၀ယ်တိုက်တယ်၊ ကျွေးတယ်။ ကျနော်လည်း စားတယ်။ အဲဒီကလေးကိုလည်း ကျွေးတယ်။ အဲဒီက ပြီးတော့မှ မနက် ရှစ်နာရီခွဲ၊ ကိုးနာရီလောက်ကျမှ အဲဒီကို ခေါ်သွားတာ အဲဒီ ဖိုဖင်ဆိုတဲ့နေရာကို ခေါ်သွားတာ။” စစ်တဲ့နေရာကိုလား။ “ဟုတ်တယ်။ နေရာအားလုံး ၃ နေရာ ပြောင်းတယ်ဗျာ။ သုံးနေရာ။ ဒီနေရာကနေ တဆင့် ကျနော်ရှိတဲ့နေရာ ဖမ်းမိတဲ့နေရာပေါ့နော်၊ အဲဒီကနေတဆင့် စစ်တဲ့နေရာ တနေရာ။ နောက်ပြီးတော့မှ မွန်မ ကိုခေါ်သွားတဲ့၊ မွန်မ ရှိတဲ့နေရာ။ မွန်မ ရှိတဲ့နေရာမဟုတ်ဘူးနော် မွန်မ ရောက်လာတဲ့နေရာ။ အခန်း၊ Hall (ခန်းမ) ခန်း အကြီးကြီးပေါ့။” ဒါဆိုရင် ကိုရဲနေတာက စူရတ်ဌာနီ။ ပြီးရင် နောက်တနေရာ။ ပြီးတော့ နောက်တနေရာ သုံးနေရာပေါ့။ “ဟုတ်ကဲ့၊ အခု ဖြစ်တာတော့ စူရတ်ဌာနီအပိုင်ပဲလေ။ ဖူဖင် (ဖူဖင်ရဲစခန်း) ဆိုတာလည်း စူရတ်ဌာနီပဲ။ သုံးနေရာဆိုတာက ခုနပြောသလို ခုန အမှုစစ်တဲ့နေရာ တနေရာရယ်၊ ဒီမှာ ဖမ်းမိတဲ့တနေရာရယ်။ နောက်တခု ဒုန်းလိုင်းကြီး စခန်းကို (အသံထွက်အတိုင်းရေးသည်) ညဘက်။ ကျနော်တို့ပြန်လာတာ ညမိုးချုပ်သွားတယ် ကျနော်တို့ပြန်လာတာ။ ပြန်လာတော့ ကျနော်လည်း ပြန်လာတော့ ပြီးပြီပေါ့ ကျနော့်ကိစ္စပြီးပြီဆိုတော့ အေးအေးဆေးဆေးပဲ ကျနော့်ဖာသာ ကျနော် နေလိုက်တယ်။ အဲဒါ မနက် မိုးလည်းလင်းရော ပုလိပ်က ကျနော့်ကို ဖုန်းဆက်လာတာ။ ‘မင်းအ၀တ်အစားကောင်းကောင်းလေးဝတ်ပြီးတော့ လာခဲ့ပါဦး’ တဲ့။ ဆိုတော့ ကျနော်က ‘ဟာ-ဘာရှုပ်ပြန်ပြီလဲ၊ တခါ ထပ်ရှုပ်ပြန်ပြီလဲ ဇယားက’ ၊ အဲဒါ ပြီးလည်း ပြီးရော မနက်မိုးလင်းရော ဒီမှာ (စူရတ်ဌာနီ) မှာ အစာပြေတွေဘာတွေ စားပြီးတော့မှ လေယာဉ်နဲ့ ခေါ်သွားတာ။ ကျနော် ခိုတောင် (လိပ်ကျွန်း) ရောက်မှ ခိုတောင်ကျွန်း မှန်း သိရတယ်။ ခေါ်သွားတယ်၊ ခေါ်သွားပြီးတော့ သူတို့ ရိုက်ကွင်းရိုက်တဲ့အချိန်မှာ။ ကျနော်တို့ လေယာဉ်ပေါ်ကဆင်းတာနဲ့ သူတို့ ရဲကားတစ်စီးလာကြိုတယ်။ ရဲကားဆိုတာ ၀မ်းနိုင်းဝမ်း (၁၉၁) ၀ိုင်ယာလက်ကားကို ပြောတာမဟုတ်ဘူး။ ရိုးရိုး ဒီ ကိုယ်ပိုင်ကားလိုမျိုးပေါ့ (ထိုင်းလို-လွတ်တာမရွတ်) ကားကို ပြောတာ၊ ရှမ်းလိုပြောမယ်ဆိုရင်တော့။ အဲဒီကားနဲ့ ကျနော်တို့ကို သူတို့လာခေါ်သွားတယ်။ ကျနော်တို လာခေါ်ချိန်မှာ ဘယ်ကိုခေါ်သွားမလဲဆိုတာ မသိဘူးပေါ့။ ဆိုတော့ ကျနော်တို့အခင်းဖြစ်တဲ့နေရာကို ခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ မောင်မောင်ဆိုတဲ့ကောင်လေးနဲ့ ဇော်လင်းက ရောက်နေတယ်။ သူတို့ ၃ ယောက်ကို တခန်း ထိုင်ခိုင်းထားတယ်။ ကျနော့်ဓာတ်ပုံထဲမှာ ဓာတ်ပုံခိုးပြီးရိုက်လာရတယ်။ သူတို့သုံးယောက်လုံး။ သူတို့နှစ်ယောက် ကတော့ အရင်ရောက်နေပြီပေါ့နော်။ အဲ ဒီအချိန်မှာ သူတို့နှစ်ယောက်ဘေးမှာ ဘာသာပြန်ကုလား ၂ ကောင်ရှိတယ်။ ဘာသာပြန်က သူတို့ပြောထားတာက တယောက်ကို တယောက်စီ ပြန်ခိုင်းတယ်။ သူတို့ ဟိုမှာတွေ ဘယ်လိုလုပ်ထားလဲ ဘယ်လိုဖြစ်တယ်တော့ ကျနော်လည်း အဲဒါတော့ ကျနော်လည်း ဘာမှ မသိရဘူးနော်။ ဒါ ကျနော့်ကိုယ် ကျနော် ဆန်းစစ်ပြီးတော့ ပြောတဲ့စကား။ ကျနော် မြတ်စွာဘုရားစကား ခေါင်းထဲမှာထည့်ထားတယ် ယောနိသောမနသီကာရ (နှလုံးသွင်းမှန်အောင် ဆင်ခြင်မှု) ဆိုတဲ့ စကားတခုတော့ ခေါင်းထဲထည့်ထားတယ် အမြဲတမ်း။ အဲဒီတော့ သူတို့စစ်တဲ့အချိန်မှာ ကျနော်က အဲဒီအချိန်မှာ ၀င်းဇော်ထွန်းကို မေးလိုက်တယ်။ ဘာလို့လည်းဆိုတော့ မောင်မောင်လည်းပါနေတာကိုး။ ဒီမှာပြောတုန်းကကျတော့ သူတို့ နှစ်ယောက်တည်းလုပ်တယ်ပြောတယ်။ မောင်မောင်ဘာမှ မဆိုင်ဘူးပေါ့။ မောင်မောင်က သူ့ဆော် (ချစ်သူရည်စား) ဖုန်းလာလို့ သူ့ဟာသူ ဘီယာသွားသောက်ပြီးပြန်သွားတယ် ပြောတယ်။ အဲဒီတော့ ကျနော်က မေးတာပေါ့ ‘၀င်းဇော်ထွန်း မောင်မောင်ဆိုတာ ဘယ်သူလဲ’ ပေါ့။ ကျနော် အဲလိုမေးတဲ့အချိန်မှာ မောင်မောင်က ‘ကျနော်ပဲတဲ့ မောင်မောင်ဆိုတာ အကို’ တဲ့။ ကျနော်က ၀င်းဇော်ထွန်းကိုပြောတယ် ‘မင်းပြောတော့ မောင်မောင် မပါဘူးပြောတယ်။ ဘာလို့ မောင်မောင်ဒီမှာ ဘာလို့ထည့်ထားတာလဲ‘ ကျနော်က အဲလိုမေးလိုက်လို့ ကျနော်တောင်မှ ဟောက်ခံထိသွားတယ်။ အဲဒီချိန်မှာ ဘာသာပြန်တဲ့ကုလားတကောင်က ကျနော့်ကိုမေးတယ်။ ခင်ဗျား ဘာတွေ၊ ခင်ဗျားလူ ခင်ဗျားမေးတဲ့။ သူပြောတာတော့ မှန်ပါတယ်။ ကျနော့်ကိုစပြောကတည်းက ကျနော်လည်း ကရုဏာစိတ်နဲ့။ မပါတဲ့လူ မပါနဲ့ပေါ့။ မဟုတ်တဲ့လူကတော့ မဆိုင်ဘူး။ မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့ပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား ။ အဲဒီတော့ ကျနော်က ပြောထားတယ်။ သူက အပြင်ထွက်သွားပြီးတော့ အဲဒီကုလားက ဘာသွားပြောလည်းမသိဘူး။ ကျနော့်လူကြီးက ကျနော့်ကို လာပြန်ပြောတယ်။ ‘အချိုင် (ကိုရဲ ကို ခေါ်သည့် ထိုင်းအမည်) ဘာပြောလဲ’ တဲ့။ ‘မဟုတ်ဘူး၊ ဟိုမှာစစ်တုန်းက နှစ်ယောက်ပဲပြောတယ်၊ အခု သုံးယောက်ဖြစ်နေလို့’ လို့။ ‘သူမပါဘူး စိတ်ချ။ မဆိုင်တဲ့လူ မထည့်ဘူး’ တဲ့။ သူ့ (၀င်းဇော်ထွန်း) ကိုပဲ ဘာသာပြန်။ သူတို့ကို မမေးနဲ့တော့’ တဲ့ ‘ဘာမှ’။” ကိုယ့်လူကိုပဲ ကိုယ်မေး ဘာသာပြန်ဆိုတာပေါ့ ဟုတ်လား။ “ဟုတ်တယ်။ အဲလိုမျိုး ကျနော့်မှာ။ ကျနော် ဘာမှ လှုပ်လို့တောင်မရဘူး။ ကန်တော့ပါရဲ့ဗျာ မရိုသေ့စကား အီးတောင် ပေါက်လို့မရတာဖြစ်သွားပြီ။ အဲဒါ ပြီးလည်း ပြီးရော အဲဒီ ရိုက်ကွင်းနေရာကို ခေါ်သွားတယ်။ ရိုက်ကွင်းနေရာကိုခေါ်သွားတယ်၊ ကျနော့်လူကြီးက နောက်က တကောက်ကောက်ပါနေတာပဲ။ အကိုတို့လည်း တီဗွီထဲမှာ တွေ့ရမှာပဲ။” တွေ့တယ်၊ တွေ့တယ် ကိုရဲတို့ကို။ “အဲဒီမှာ တကောက်ကောက်ပါနေတာပဲ။ အဲဒီမှာ သူ့ကို ခေါင်းကို ကိုင်ခိုင်းထားတာပေါ့နော်။ ဦးထုတ်ဝပ်ရင် ခေါင်းကို နည်းနည်းမော့ထားပေးတဲ့။ ခေါင်းကို နည်းနည်းကိုင်ထားပေးတဲ့။ ကျနော်က သူတို့နိုင်ငံမှာ သူတို့ပြောတဲ့ ခိုင်းတာ ကိုယ်က လုပ်ပေးရမှာဗျာ ကျနော့်တာဝန်အရ၊ ဟုတ်တယ်မဟုတ်လား။” ဟုတ်ကဲ့ အခု မြန်မာသံရုံးကလည်း အထူးအဖွဲ့ဖွဲ့ထားတယ်။ သမ္မတဦးသိန်းစိန်ကလည်း ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကို မေတ္တာရပ်ခံထားတယ်ဆိုတာ ကိုရဲတို့လည်းသိတယ်လေ။ သူတို့က ကျနော့်လိုပဲ အချက်အလက်ရဖို့မေးမယ်ဆိုရင် ကိုရဲ ပူးပေါင်းဆောင်ရွက်မလား။ “ဟာ။ မေးရင်တော့ ကျနော်က အချိန်မရွေးပဲလေ။ မေးရင်တော့ ပြောမှာပဲလေ။ အမှန်တရားကို ပြောပြတာလေ။ ကျနော် မြင်တဲ့၊ သိတဲ့ဟာလောက်ပဲ ကျနော်ပြောပြလို့ရမယ်လေ။” ကိုရဲလည်း ဖြေပြတာ တော်တော် ပြည့်စုံပါတယ်။ ကျနော်သိချင်တာလေး ကျန်နေတာက ဘာဖြစ်လို့ ဒီကောင်တွေက မုဒိမ်းကျင့်တဲ့ ကောင်မလေးကို ပေါက်တူးနဲ့ မျက်ခွက်ကို ဘာဖြစ်လို့ ဒီလောက်ထိအောင် ကြမ်းကြမ်းတမ်းတမ်းကြီး ခုတ်ပစ်လိုက်တာလို့ ပြောလဲ။ “ပေါက်တူးနဲ့ခုတ်လိုက်တာ သူတို့ပြောတာတော့ တချက်ပဲ ပြောတာပဲဗျနော်၊ ကောင်မက ရုန်းတဲ့အချိန်မှာ တချက် ထပ်ရိုက်လိုက်တယ်။ ပေါက်တူးနဲ့။ အဲဒီအချိန်မှာပဲ သေသွားလား မသေလား သူတို့လည်း (ရဲက) ကျနော့်ကို အဲဒါ ဆက်မမေးခိုင်းတော့ဘူး။” ရဲ သိပ်အသေးစိတ်မမေးတော့ဘူးပေါ့ အဲလိုလားအကို။ “ဟုတ်ကဲ့၊ ဟုတ်ကဲ့။” ဒေးဗစ်ရဲ့မျက်နှာမှာ၊ နိုင်ငံခြားသားရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပတ်သက်လို့ ရော ၀င်းဇော်ထွန်းတို့က ဘယ်လိုမျိုးလက်နက်ပုန်းတွေနဲ့ ချကြလဲ သူတို့က။ “သူတို့ပြောတာတော့ ပေါက်တူးနဲ့ပဲ ပြောတာပဲ။” သြော် သူတို့ ပေါက်တူး (၁) လက်ပဲ သုံးတယ်ပေါ့ ဟုတ်လား။ ဟုတ်ကဲ့ ပေါက်တူးနဲ့ပဲ။ နောက်မှလူတွေပြောမှ ကျနော်သိရတာပေါ့နော်။ ကျနော်လည်း ဒီဥစာတွေ။ တီဗွီတွေဘာတွေ။ ဖေ့စ်ဘုတ်တွေ ဘာတွေ ကြည့်ဖို့၊ သတင်းတွေ ဘာတွေ ကြည့်ဖို့ ကျနော်လည်း သိပ်ဝါသနာ မပါဘူးဗျ။ ၀ါသနာမပါဘူးဆိုတာ ဒီပြင်ဟာ မဟုတ်ဘူး။ ကိုယ့်စီးပွားရေးနဲ့ကိုယ်၊ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ အဲလိုမျိုး။ ကိုယ့်ဟာနဲ့ ကိုယ့်မိသားစု ကိုယ့်စားဝတ်နေရေးလောက်ပဲ ကိုယ့်ဖာကိုယ် လုံးပန်းနေရတာ။ အဲဒီတော့ ဘယ်လိုလဲ ဆိုတော့ ဘုရားပဲသိမယ်။ ဘယ်လိုတွေလုပ်လို့ ဘယ်လိုနောက်မှ ကျနော်သိရတဲ့ သတင်းကတော့နော်။ ဓားဒဏ်ရာတွေ ဘာတွေရှိတယ်ဆိုတော့။ သူတို့ပြောတာက ပေါက်တူးနဲ့၊ ဟိုကပြောတာ ဓားဒဏ်ရာဆိုတော့ အဲဒါ အကိုတို့ဖာသာ အကိုတို့ စဉ်းစားပေါ့ဗျာ။ ကိုရဲက ၀င်းဇော်ထွန်းကို ဘာသာပြန်ပေးတော့လေ ၀င်းဇော်ထွန်းက ပေါက်တူး (၁) မျိုးပဲ ပြောသလား။ ဒီပြင်ဟာ ဘာတွေ ပြောသေးသလဲ။ မပြောဘူး၊ မပြောဘူး၊ မပြောဘူး။ ကျနော် မဟုတ်တာလည်း မုသားမပြောဘူး။ ပေါက်တူးပဲပြောတယ်။ ပေါက်တူးကို အသွားနဲ့လုပ်တယ်ပြောတယ်။ နိုင်ငံခြားသားယောက်ကျားကို အနှောင့်နဲ့ လုပ်တယ်လို့ ပြောတယ်။ ကောင်မလေးကိုလည်း အနှောင့်နဲ့ထုတယ်ပြောတယ်။ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ အသွားနဲ့မဟုတ်ဘူ့း။ အနှောင့်နဲ့ချည်းပဲ။ အနှောင့်နဲ့ချည်းပဲ အားလုံး။ သူတို့ပြောတာက အနှောင့်နဲ့ထုလိုက်တာပဲ ပြောတယ်။ ကျနော်လည်း သူတို့ပြောတဲ့အရကိုပဲ ဘာသာပြန်ပေးတယ်။ ကိုရဲ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကိုရဲရင်ထဲမှာ ပြောချင်စရာရှိမလား။ ကိုရဲတို့၊ ကမာ (ဘာသာပြန်နောက်တဦး) တို့ဆိုရင်လည်း ဝေဖန်ခံနေရတာတွေ ရှိနေတယ်ဆိုတော့။ ကျနော်က ရင်ထဲမှာ ပြောချင်တဲ့စကားဆိုတာက ဘုမသိ၊ ဘမသိနဲ့ စိတ်မကောင်းတာ တချက်ပေါ့နော်။ သူတို့ဟိုမှာ ရိုက်တာတို့၊ ရေနွေးပူနဲ့ လောင်းတာတွေဘာတွေဟာ ကျနော့်မျက်စိနဲ့မမြင်တဲ့အတွက် ကျနော်နဲ့၊ ကျနော်နေတဲ့နေရာနဲ့ အဲဒီနေရာကိုသွားရင် ဒီကနေ ည (၁၁) နာရီထွက်တဲ့လှေဟာ ဟိုကို မနက် (၅) နာရီ (၆) နာရီမှ ရောက်တယ် အကိုတို့စဉ်းစားကြည့်ပေါ့ဗျာ။ အခု အကိုနေတဲ့နေရာနဲ့ ကျနော်နေတဲ့နေရာ အင်္ကျီဘာဝတ်ထားလဲ အကိုလှမ်းကြည့်လို့မြင်ရမလား။ ကျနော်ဘာလုပ်နေလဲ။ ဟုတ်တယ်မဟုတ်လား။ ကျနော့်အနေနဲ့ ဘုမသိ၊ ဘမသိဘူး။ သူတို့တွေ ဘယ်လိုလုပ်ထားတယ်ဆိုတာ ကျနော်လည်း ဘာမှ မသိရဘူး အဲဒါတော့။ ကိုရဲ ဘာသာပြန်ပေးတဲ့နေ့ကျတော့ ဘယ်နေ့လဲ။ ရက်အတိအကျ သိလား။ ရက်အတိအကျဆိုတာ ကျနော် ရက်ကိုအတိအကျမသိဘူး။ ဒီနေ့ညဘက်လိုပေါ့နော်။ ကျနော်တို့ ဟိုမှာ သွားပြီးတော့ ရိုက်ကွင်းရိုက်တယ်မဟုတ်လား။ တီဗွီထဲမှာ လွှင့်တဲ့နေ့ (အောက်တိုဘာ ၃ရက်နေ့) က အဲဒါ ဒုတိယနေ့ဖြစ်သွားပြီ။ ပထမနေ့ညပေါ့ အဲဒါ အကိုတို့ ရက်တွက်ကြည့်လိုက်။ (မှတ်ချက်။ ။ အောက်တိုဘာ ၂ ရက်နေ့) ၂ ရက်နေ့ဖမ်းမိတာ ကောင်လေးကို ။ ၂ ရက်နေ့ မနက်ပိုင်း ၅ နာရီခွဲ ခြောက်နာရီလောက်မှာ ပုလိပ်က ဖုန်းလာတယ် ကျနော့်ဆီကို။ ဖုန်းလာတယ်။ ဖုန်းလာတော့ ကျနော်တို့အိမ်က နှစ်ထပ်အိမ်ဗျ။ ဖုန်းက အဲဒီညက ဘက်ထရီအားကုန်လို့ဆိုပြီး ဖုန်းအောက်ထပ်မှာအားသွင်းထားတယ် ဘီရိုပေါ်မှာ။ ကိုရဲပြောပုံအရဆိုရင် အောက်တိုဘာ ၂ ရက်နေ့မနက်မှာ ရဲက ဖုန်းဆက်တယ်။ ပြီးလည်းပြီးရော ကိုရဲပြောတဲ့နေရာ ၃ ခုကို သွားတော့ ၀င်းဇော်ထွန်းက တောက်လျောက် ၀န်ခံတော့တာပဲမဟုတ်လား။ ဟုတ်ကဲ့။ ပြီးလည်းပြီးရော အောက်တိုဘာ ၃ ရက်နေ့လည်းကျရော ဟယ်ရီကော်ပတာနဲ့လား၊ ရဟတ်ယာဉ်နဲ့လား။ ခိုတောင်ကျွန်းကို သွားတယ်နော်။ ဟုတ်တယ်၊ ဟုတ်တယ်။ ဘယ်လိုလည်းဆိုတော့ ကျနော့်အနေနဲ့က ခုနက ပြောသလို သူတို့တွေ ဟိုမှာဘယ်လိုတွေလုပ်ထားလဲ။ ဘယ်လိုတွေ၊ ဘာလဲဆိုတာ မသိရဘူး။ ဘယ်သူတွေ ရိုက်ထားတယ်။ နှက်ထားတယ်ဆိုတာ ကျနော့်မျက်စိနဲ့ မမြင်တဲ့အတွက်လည်း လူတစ်ဖက်သားကို မဟုတ်ဘဲနဲ့ ကိုယ့်ကြောင့် နစ်နာအောင် ကျနော်ဘယ်တော့မှ မလုပ်ဘူး။ ကျနော်မမြင်တဲ့အတွက် ကျနော်မသိဘူးပဲပြောတယ်။ ဒီဗွီဘီကနေ ကျေးဇူးတင်ပါတယ် ကိုရဲ။ နောက်နောင်လိုအပ်လို့ ထပ်မေးရင်လည်း ဖြေပေးပါအုန်း။ ဟုတ်ကဲ့ပါခင်ဗျာ။ လိပ်ကျွန်းလူသတ်မှု ဘာသာပြန်ပေးသူ ကိုကမာနှင့် မေးမြန်းချက် http://burmese.dvb.no/archives/70056

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024