Home
မြန်မာသတင်း
မြန်မာစစ်ဗိုလ်ချုပ်များ စစ်ရာဇ၀တ်မှုကျူးလွန်ဟု ဟားဗတ် ဥပဒေဌာနစွပ်စွဲ
DVB
·
November 7, 2014
၂၀၀၅-၀၆ ခုနှစ်မှာ စစ်ရာဇ၀တ်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေကို ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ မြန်မာစစ်တပ်က ကျူးလွန်တာ တွေ့ရှိခဲ့တယ်လို့ ဟားဗတ် တက္ကသိုလ်ဥပဒေဌာန ထုတ်ပြန်ပါတယ်။ general burmaလက်ရှိ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို၊၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးတို့ဟာ နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးက သတ်မှတ်ထားတဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။ စစ်သားတွေက ရွာသားတွေနဲ့ ထွက်ပြေးတဲ့ ရွာသားတွေကို သေနတ်နဲ့ ပစ်တာ၊ အိုးအိမ် သီးနှံတွေကို ဖျက်ဆီးတာ၊ အရပ်သားတွေနေတဲ့နေရာတွေမှာ မြေမြုပ်မိုင်းတွေထောင်တာ၊ အရပ်သားတွေကို ပေါ်တာ အဖြစ်အသုံးပြုတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်တယ်တဲ့ အထောက်အထားတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ “အင်တာဗျူးတခုပြီးတခုမှာ ရွာသားတွေက စစ်တပ်ရဲ့ မတော်မတရား လုပ်ဆောင်တာတွေကို ပြောဆိုခဲ့ပါတယ်။ ဒါတွေဟာ မြန်မာပြုပြင်ပြောင်းလဲရေးမှာ မျက်ကွယ်ပြုထားတဲ့ အရာတွေ ဖြစ်ပါတယ်” လို့ သုတေသီခေါင်းဆောင် မက်သယူးဘတ်ဟာ က ပြောပါတယ်။ နိုင်ငံတကာရာဇ၀တ်ခုံရုံးက ဒီအရာရှိတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ သတ်မှတ်တဲ့ စံနှုန်းတွေကို ရရှိတဲ့အထောက်အထားတွေက ပြည့်မီတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ တုံ့ပြန်ချက်ကို ရရှိဖို့ ကြိုးစားပေမယ့် ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်စာရင်းကို လက်ရှိအချိန်ထိထုတ်ပြန်ခြင်း မရှိသေးတဲ့ အတွက် ဆက်သွယ်လို့ မရဖြစ်ခဲ့ပါတယ်။ ဥပဒေဌာနရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ၄ နှစ်ကြာ စုံစမ်း လေ့လာမှုတွေလုပ်ပြီး  မြန်မာ အရှေ့ပိုင်းက စစ်ရာဇ၀တ်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုများ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ဟားဗတ်တက္ကသိုလ် ဥပဒေဌာနက  နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဟာ မြန်မာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ၂၀၀၄ ခုနှစ်ကတည်းက လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024