ကိုပါကြီးအလောင်းသယ်ယူမှု စစ်တောင်းတံတားတွင် သံဃာ ၃ ပါး တားမြစ်
နော်နိုရင်း
·
November 7, 2014
ကိုပါကြီးအလောင်းကို သယ်ယူရာမှာ မြန်မာစံတော်ချိန် ၁၁ နာရီခွဲလောက် စစ်တောင်းတံတားအရောက်မှာ သံဃာ ၃ ပါးက မြို့ကို ဖြတ်မသယ်ဖို့ လာတားခဲ့တယ်လို့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
ပဲခူးမြို့ မ၀င်ခင် တားဆီးခဲ့တာဖြစ်ပြီး ညှိနှိုင်းမှု ပြေလည်ခဲ့လို့ လက်ရှိမှာ ပဲခူးမြို့ကို ၀င်ပြီဖြစ်ပါတယ်။
အလောင်းကို နာရေးကူညီမှုအသင်းကားနဲ့ သယ်ယူပြီး လက်ရှိ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကားတွေလည်း လာရောက် ပူးပေါင်းကူညီတဲ့အတွက် ယာဉ် ၇ စီးလောက်ရှိပါတယ်။
လမ်းတလျှောက် ရဲတွေကတော့ လမ်းရှင်းပေးတာရှိပေမယ့် မိမိလုံခြုံရေးကို မိမိ ဂရုစိုက်ဖို့ ပြောဆိုခဲ့တယ်လို့လည်း ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
စစ်တပ်တွေကလည်း အဝေးကနေ လိုက်ပါသတင်းယူမှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။