DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့
DVB
·
November 7, 2014
ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့
Donate to DVB

ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

အဲဒီစာမှာ အလောင်းကို ရင်ခွဲပြီးစီးချိန်ကစပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ သုသာန်မှာ သဂြိင်္ိုဟ်ပေးဖို့ နိုဝင်ဘာလ ၅ ရက်နေ့က စည်းဝေး ဆုံးဖြတ်ခဲ့ကြောင်းလည်း ပါရှိပါတယ်။ ဒါပေမယ့် ဘယ်သုသာန်ကိုမှ ရည်ညွန်းမထားဘူးလို့လည်း နော်အုန်းလှက ပြောပါတယ်။

Ko Par Gyiဒီစာဟာ နိုဝင်ဘာလ ၆ ရက်နေ့  ည ၉ နာရီ ၄၅ မိနစ်မှာ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာကို မော်လမြိုင် စည်ပင်တာဝန်ရှိသူတဦးက လာရောက်ပေးသွားတာဖြစ်ပြီး စာမှာ အမှုဆောင်အရာရှိဆိုပြီး လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမယ့် နာမည်ကို ရေးသားထားတာမရှိဘူးလို့လည်း နော်အုန်းလှက ပြောပါတယ်။

ညမိုးချုပ် ဒီစာပေးပို့တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက  စည်ပင်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါ။

ဒီလိုတားမြစ်စာထွက်လာပေမယ့် မိသားစုအနေနဲ့ကတော့ နဂိုအစီအစဉ်အတိုင်း အလောင်းကို ရန်ကုန်သယ်ပြီး သင်္ဂြိုဟ်မယ်လို့လည်း နော်အုန်းလှက ပြောပါတယ်။

ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်သယ်ဖို့  နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က  မိသားစုလက်ထဲ အပ်ခဲ့ပြီး အခုညမှာ စည်ပင်ရဲ့ အမိန့်ထွက်လာတာဖြစ်ပါတယ်။

ကိုပါကြီးအလောင်းကိုတော့ ဘယ်အချိန်သယ်မယ်ဆိုတာ လုံခြုံရေးအရ မိသားစုဝင်တွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013