DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်း ရန်ကုန်သယ်ရန် ရဲက မိသားစုလက်ထဲအပ်ပြီ
DVB
·
November 6, 2014
ကိုပါကြီးအလောင်း ရန်ကုန်သယ်ရန် ရဲက မိသားစုလက်ထဲအပ်ပြီ
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်သယ်ဖို့   မိသားစိုလက်ထဲ အပ်လိုက်ပြီလို့ ကိုပါကြီး ဇနီး ဒေါ်သန္တာက ပြောပါတယ်။

[caption id="attachment_70061" align="alignleft" width="300"]ဒေါ်သန္တာ ဒေါ်သန္တာ[/caption]

“အလောင်းကိုတော့ ရဲက အစ်မတို့ လက်ထဲကို လွှဲလိုက်ပြီပေါ့နော်။ အစ်မတို့ သေချာ ထုတ်ပိုးပြီးတော့ အ၀တ်အစားတွေ ဘာတွေ လွှမ်း၊ ကောင်းကောင်း မွန်မွန်သေချာတော့ ထုတ်ပိုးထားပြီးပြီ။ ရန်ကုန်ကို သယ်ဖို့တော့ မသိသေးဘူး တိုင်ပင်နေတုန်းပဲ။ အစ်မတို့မှာလည်း အတားအဆီးရှိတော့လေ အဲဒါကို စီစဉ်တေယ်။ ”

မနေ့ညတုန်းက အလောင်းကို သယ်ဖို့ တားမြစ်ခဲ့တဲ့ ဘုန်းကြီးတွေကိုလည်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်က နော်အုန်းလှက ခြိမ်းခြေက်မှုနဲ့ မော်လမြိုင်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၅ ရက် နေ့ညနေပိုင်းက ကျိုက်မရောမြို့နယ်အပိုင်ကနေ အလောင်း ဖော်ယူပြီးနောက် မော်လမြိုင်ဆေးရုံကို သယ်ဆောင်ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးခဲ့ပါတယ်။

အလောင်းကို မူလအစီအစဉ်အတိုင်း  ရန်ကုန်ကို သယ်ဆောင်ဖို့ မိသားစုတွေ စီစဉ်လုပ်ဆောင်နေချိန်မှာ အမည်မသိ သံဃာတော်တွေက လာတားမြစ်ကြတာလို့ ပြောပါတယ်။

စစ်ဆေးမှုရလဒ်ကတော့ အလောင်းမှာ သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိခဲ့တယ်လို့ အမှုစစ် ဆရာဝန်က မိသားစုကို အသိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013