DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်မှု အရေးယူခြင်းမရှိဟုဆို
DVB
·
November 6, 2014
မြန်မာစစ်တပ်က အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်မှု အရေးယူခြင်းမရှိဟုဆို
Donate to DVB

ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့ပေမယ့် တစုံတရာ အရေးယူတာမရှိဘူးလို့ ဖော့တီဖိုင်းရိုက်အဖွဲ့က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

fortify rightsဒီတိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့လိုသလို ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေရဲ့ နေအိမ်တွေ၊ ရွှေ့ပြောင်း နေထိုင်ရသူတွေရဲ့ စခန်းတွေကို မြန်မာ စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ရွာတွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

“မြန်မာအစိုးရက တိုင်းရင်းသား ဒေသတွေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုနဲ့ မတော်မတရားမှုတွေကို ရပ်တန့်ရမယ်၊ ဒီတိုက်ခိုက်မှုကြောင့် ကျန်ရစ်တဲ့သူတွေက တရားမျှတမှုကို ရရှိဖို့ အခွင့်အရေး ငြင်းဆန်ခံရသလို ဆုံးရှုံးမှုတွေအတွက် လျော်ကြေးမရတဲ့ အတွက် ပြောင်းလဲဖို့ လိုအပ်ပါတယ်” လို့ အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး မက်သယူး စမစ်က ပြောပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေဟာ စစ်ရာဇ၀တ်မှု၊ လူသားဖြစ် တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ်လို့ အဖွဲ့က ယုံကြည်နေပါတယ်။

ဒီအဖွဲ့ဟာ ၂၀၁၁-၁၄ အထိ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်ပွဲအတွင်းက ဖြစ်ရပ်တွေကို လေ့လာစုံစမ်းပြီး အထောက်အထား မှတ်တမ်း ရယူခဲ့တာ လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ အထောက်အထားတွေအရ တိုက်ခိုက်မှုတွေဟာ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ တခြား လက်နက်ကိုင်တွေမရှိတဲ့ လူနေများတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါ တယ်။

ဖော့တီဖိုင်းရိုက်အဖွဲ့ဟာ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပြီး လူ့အခွင့်အရေးကို ကာကွယ် ပေးခြင်းအားဖြင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ပိုမိုအားကောင်းလာအောင် ကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013