DVB Logo
Home
မြန်မာသတင်း
လေပြင်းကြောင့် ရန်ကုန်၊ လှိုင်နှင့်မရမ်းကုန်းတွင် သစ်ပင်အဆောက်အဦအချို့ ပြိုလဲ
DVB
·
November 6, 2014
လေပြင်းကြောင့် ရန်ကုန်၊ လှိုင်နှင့်မရမ်းကုန်းတွင် သစ်ပင်အဆောက်အဦအချို့ ပြိုလဲ
1 / 6
Donate to DVB

တန်ဆောင်မုန်းလပြည့်နေ့မနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်အတွင်း ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး သစ်ပင်၊ ဓာတ်တိုင်နဲ့ အဆောက်အဦတချို့ ပြိုလဲပျက်စီးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်ခဲ့တဲ့နေရာတွေဆီ သွားရောက်ပြီး သတင်းမှတ်တမ်းရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ကိုခန့်က “ပါရမီလမ်းနဲ့ သမိုင်းလမ်းဆုံထောင့်က ဓာတ်တိုင်တော်တော်များများ လဲသွားတယ်၊ ဓာတ်တိုင်အသစ်တွေ မလာပြီး အလုပ်သမား တော်တော်များများနဲ့ ဓာတ်တိုင်အသစ်တွေ လဲပေးနေတာ တွေ့ရတယ်။ ရွှေတည်းခိုခန်းဘေးနားက အိမ်တလုံးဆို တခြမ်းပြိုသွားတယ်။ ကျနော် အထဲရောက်တဲ့ထိ ၀င်ကြည့်လို့ မရဘူး။ ရေကြီးနေတယ်။ တောင်ဥက္ကလာဘက်မှာဆို သစ္စာလမ်း၊ ရတနာလမ်း၊ မေတ္တာလမ်းနဲ့ လမ်းသွယ်တွေမှာ ရေက ဒူးဆစ်အထက်ကြီးနေတယ်၊ ကားသွားလို့ မရဘူး။ ရန်ကုန်မှာ မိုးရွာနေတာ ဒီနေ့ဆို ၃ရက်ရှိပြီ။ မနားဘူး ရွာနေတော့ ရေကြီးတာ၊ သမိုင်းလမ်းဆုံ သန့်စင်လမ်း ရပ်ကွက်ထဲဆို ခါးတ၀က်လောက်အထိ ရေကြီးနေတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ လျှပ်စစ်ဝန်ထမ်းတွေ စုပေါင်းပြီး ကျိုးကျနေတဲ့ သစ်ပင်တွေ ရှင်းလင်းခြင်း၊ ဓာတ်အတိုင်အသစ် လဲလှယ်ခြင်းတို့ လုပ်ဆောင်ပေးနေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

မရမ်းကုန်မြို့နယ်၊ မီးသတ်တပ်ဖွဲ့က တာဝန်ကျဝန်ထမ်းတယောက်ကတော့ မနက်က လေတိုက်သွားပြီး သစ်ပင်တွေပြိုလဲကျခဲ့တာ နာဂစ်တုန်းကအတိုင်းပဲလို့ ပြောပါတယ်။

“ရန်ကုန်-အင်းစိန်လမ်းမဘေးပေါ့။ သတ္တုတွင်း ၃ ရှေ့တို့၊ မီးသတ်ဘေးတို့၊ မီးသတ်အရှေ့တို့က အပင်တွေ ကျိုးကျတယ်။ လှိုင် ၁၃ ရပ်ကွက်ဘက်က ပိုဆိုးတယ်။ အုတ်ကြင်းလမ်းမဘက်ကစပြီး ဓာတ်တိုင်တွေလဲတယ်။ အဲ့ဒီဘက်တော့ တော်တော်အပျက်အစီးများတယ်။ မနက် ၆ နာရီခွဲလောက်ကစပြီး လေ ပြင်းပြင်းထန်ထန်တိုက်တာ။ နာဂစ်တုန်းကလိုပဲ တိုက်တာ၊ အိမ်အမိုးတွေ လန်ထွက်ကုန်တယ်။ လမ်းမ မျက်နှာစာတန်းက ပိုဆိုးတယ်။”

လေပြင်းတိုက်ချိန် မိနစ် ၂၀လောက်ရှိပြီး ခန့်မှန်းခြေ အိမ်အလုံးပေါင်း ၁၅၀ ကျော်လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - yangon police

[gallery ids="70037,70038,70039,70040,70041"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013