ချီလီတွင် ဆန္ဒပြ ငါးဖမ်းသမား ၃၀၀ ခန့်နှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ချီလီနိုင်ငံ ချင်တေရိုမြို့မှာ ဆန္ဒပြနေတဲ့ ငါးဖမ်းသမား အယောက် ၃၀၀ လောက်နဲ့ ရဲတွေ နိုဝင်ဘာ ၅ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ Chiliရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ သုံးခဲ့ပြီး ဆန္ဒပြသူတွေကတော့ အာဏာပိုင်တွေကို ခဲတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့က ရေနံယိုဖိတ်မှုအပြီး ချီလီအမျိုးသားရေနံကုမ္ပဏီ ENAP ကိုယ်စား ချုပ်ဆိုထားတဲ့ သဘောတူညီချက် ချိုးဖောက်တယ်ဆိုပြီး ဆန္ဒပြနေတာပါ။ ရေနံယိုဖိတ်မှုအတွက် ပြန်လည်သန့်စင်ရေး ငါးဖမ်းသမားတွေရဲ့ တောင်းဆိုချက် ၅ ရပ်ကို မဖြည့်ဆည်းသလို လုပ်ငန်းတွေကို ကူညီမယ်ဆိုတဲ့ကတိကို ENAP က မတည်ဘူးလို့ ဆန္ဒပြသူတွေက အခိုင်အမာပြောပါတယ်။ ငါးဖမ်းသမားတွေကို တယောက် လျော်ကြေး အမေရိကန်ဒေါ်လာ ၁၅၀၀ လောက်ပေးပြီး မလုံလောက်တဲ့ သန့်ရှင်းရေးပစ္စည်းလေးတွေ ရေထဲ ပစ်ချရုံပဲ လုပ်ခဲ့တယ်လို့ ငါးဖမ်းလုပ်သားတွေဘက်က ပြောခွင့်ရက ပြောပါတယ်။ ချင်တေရိုပင်လယ်အော်မှာ ENAP ရဲ့ လောင်စာဆီတင်သင်္ဘောက ပိုက်ခေါင်းတွေ ပြုတ်ထွက်သွားချိန်မှာ ဆီဂါလန် ၅ ထောင်နီးပါး ယိုစိမ့်ခဲ့လို့ ပတ်ဝန်းကျင်ရေသတ္တဝါတွေရဲ့ ဘဝတွေနဲ့ ငါးဖမ်းသမားတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ထိခိုက်ခဲ့ပါတယ်။

More News
Up