ဒီဖိုး ကျူပီအာအသင်းကို ၃ နှစ်စာချုပ်ဖြင့် ဇန်န၀ါရီရောက်မည်

LIVE--CS56064841Football-Tottenအသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး ဒီဖိုးဟာ လာမယ့် ဇန်န၀ါရီမှာ ကနေဒါနိုင်ငံ အက်ဖ်စီ တိုရန်တို အသင်းကနေ ပရီးမီးယားလိဒ် ကျူပီအာအသင်းကို ၃ နှစ်စာချုပ်နဲ့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပရီးမီးယားလိဂ်ကို ပြန်ရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ပိတ်ချိန်အထိ သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။ ကျူပီအာအသင်းမှာ တပတ်လုပ်ခ ပေါင် ၈ သောင်းနဲ့  ကစားမှာ ဖြစ်ပါတယ်။ ကျူပီအာအသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ကစားနိုင်ဖို့ သူဟာ အကျိုးပြုနိုင်မယ်လို့  ယုံကြည် ကြောင်း နည်းပြ ရက်နက်ဒ်က ပြောပါတယ်။ ကျူပီအာအသင်းဟာ ၁၀ ပွဲကစား ၇ မှတ်သာ ရထားပြီး အဆင့် ၁၉ မှာ ရှိနေလို့ တန်းဆင်းဇုန် လွတ်တဲ့ နေရာနဲ့  ၃ မှတ်အကွာမှာ ရှိနေပါတယ်။

More News
Up