DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်းကို စတင်တူးဖော်
DVB
·
November 5, 2014
ကိုပါကြီးအလောင်းကို စတင်တူးဖော်
Donate to DVB

အသတ်ခံရတဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ဒီကနေ့ နေ့ခင်းပိုင်းမှာ စတင်တူးဖော်နေပါတယ်။

ကိုပါကြီးရဲ့အလောင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်း ကနေ မီတာ လေးငါးရာလောက်အကွာ လယ်ကွင်းပြင်မှာ မြှုပ်နှံထားပြီး အဲဒီအလောင်းကို ဖော်နေပြီလို့ ဒီလောင်းဖော်ရာမှာလိုက်ပါခဲ့တဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက် ရေးကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်က အလောင်းဖော်မှုနေစဉ် အခုလို ပြောပါတယ်။

“အခုဖော်နေတာ ကိုယ်ခန္ဓာ အပေါ်ပိုင်းတော့ စတွေ့နေပါပြီ။ ခေါင်းကို ကျနော်တို့ မတွေ့သေးဘူး။ ညာဘက်လက်က ရင်အုတ်ပေါ်မှာတင်ပြီးတော့ ထားပါတယ်။ နည်းနည်းလေး တခြမ်းစောင်းနေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ပုဆိုးအဆင်းကွက်ကျားလေးနဲ့ပါ။ အင်္ကျီကတော့ အရောင် သဲသဲကွဲကွဲမသိတော့ဘူး။ လည်ကတုံးနဲ့ပါ။”

ကိုပါကြီးအလောင်းပြန်ထူးဖော်ရာမှာ ဇနီးဖြစ်သူ ဒေါ်သန္တာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ မွန်ပါတီတွေ လိုက်ပါခဲ့ပါတယ်။

ဒါ့အပြင် ဘားအံ မှုခင်းဆရာဝန်ကြီး ခရိုင်ရဲမှူး၊ တရားသူကြီး၊ တပ်မတော် လုံခြုံရေး စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ အပါအ၀င် စုစုပေါင်း လူပေါင်း ၁၀၀ လောက်လိုက်ပါတယ်။

ကိုပါကြီး ရုပ်အလောင်းကို တူးဖော်ပြီးရင် မော်လမြိုင် ဆေးရုံးကြီးမှာ စစ်ဆေးမ ယ်လို့လည်း ဦးနေမျိုးဇင်က ဒီဗွီဘီကို ပြောပါတယ်။

ဆက်လက်ဖော်ပြပါမည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013