မေတ္တာမြို့နယ်တွင် အမျိုးသမီးငယ် ၂ ဦး အဓမ္မပြုကျင့်ခံရ
DVB
·
November 5, 2014
တနင်္သာရီတိုင်း ရေဖြူမြို့၊ မေတ္တာမြို့နယ်နေ အမျိုးသမီးငယ် ၂ ဦးကို စစ်မှုထမ်းဟောင်းတဦးနဲ့ အရပ်သားတဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကရင်ဘာသာနဲ့ရေးသားတဲ့ ကွယ်ကလူ သတင်းမှာ ဖော်ပြထားပါတယ်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ် ၂ ဦးဟာ အသက် ၁၂ နဲ့ ၁၃ နှစ်သာရှိပြီး အောက်တို ဘာလ ၃၁ ရက်နေ့က သူတို့ဟာ မေတ္တာမြို့နယ် ရွှေ့ပြောင်း အိုင်ဒီပီစခန်းကနေ သူတိုရဲ့မူလနေ ထိုင်ခဲ့တဲ့ ကလယ်ကီရွာကို အပြန်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ကျူးလွန်သူကို မေတ္တာမြို့နယ်ခွဲ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ကွယ်ကလူ သတင်းမှာ ဖော်ပြထားပါတယ်။