DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်းဖော်ရန် ဇနီးနှင့် နိုင်ငံရေးအဖွဲ့များ ကျိုက်မရောရောက်
DVB
·
November 4, 2014
ကိုပါကြီးအလောင်းဖော်ရန် ဇနီးနှင့် နိုင်ငံရေးအဖွဲ့များ ကျိုက်မရောရောက်
Donate to DVB

စစ်တပ်က ပစ်သတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ပြန်လည်တူးဖော်ဖို့ ဇနီးဖြစ်သူ ဒေါ်သန္တာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေ၊ ရှေ့နေတွေ မွန်ပြည်နယ် ကျိုက်မရောမြို့ကို ရောက်ရှိပါတယ်။

[caption id="attachment_68521" align="alignright" width="340"]ကိုပါကြီး ကိုပါကြီး[/caption]

ကျိုက်မရောမြို့ကို ဒီကနေ့ ညနေပိုင်းမှာ ရောက်ရှိပြီး ရဲခန်းက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံရာမှာ ရဲ၊ ရှေ့နေ၊ ဆရာဝန် အားလုံးရှေ့မှာ တူးဖော်ဖို့ ဇနီးဖြစ်သူ ဒေါ်သန္တာက တောင်းဆိုခဲ့တယ်လို့ ဒီခရီးမှာ အတူလိုက်ပါခဲ့တဲ့ အမျိုးသမီးကွန်ရက်အဖွဲ့က နော်အုန်းလှက ပြောပါတယ်။

“အလောင်းကို မနက်ဖြန် ဖော်မယ့်ကိစ္စမှာ၊ တရားသူကြီး၊ ရှေ့နေ ရဲစခန်း စရဖ၊ ဆရာဝန်တွေနဲ့ အတူသွားကြမယ်။ မနက်ဖြန် ၈ နာရီမှာ မော်လမြိုင်မြို့ ဟင်္သာဝိုင်းမှာ ချိန်းဆို ထားပါတယ်။”

ကိုပါကြီးအလောင်းဖော်မှုမှာ စစ်တပ်က လမ်းပြမယ်လို့ ပြောဆိုထားကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့် ရဲစခန်းက ခေါ်ယူစစ်မေးရင် သူတို့စစ်တပ်အနေနဲ့ မြို့နယ်က ခေါ်ယူရင် သူတို့အနေနဲ့ လက်မခံနိုင်တဲ့အကြောင်းနဲ့ အဝေးစစ်ချက်သာ ပေးနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဒီကနေ့ တွေ့ဆုံမှုမှာ ရဲမှူးက ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“အခုရဲမှူးရဲ့ ပြောကြားချက်အရကတော့ စစ်တပ်က ၂ ယောက် စစ်ရလိမ့်မယ်ပေါ့။ နောက်ထပ်လည်း ပါကောင်းပါနိုင်တယ်ပေါ့။ ဒါပေမယ့် အဲဒီ ၂ ယောက်စစ်မှာကို သူတို့ မြို့နယ်က ဖြစ်တဲ့အတွက် လက်မခံဘူးပေါ့။ အဝေးစစ်ချက်ပဲ သူတို့ပေးပါမယ်လို့ ပြောတယ်။”

ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး အား စက်တင်ဘာ ၃ဝ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ သူဟာ KKO စောဆန်း အောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်း၊ ကိုပါကြီးဟာ အစောင့်စစ် သားဆီက လက်နက်လုယူထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရာကနေ သေဆုံးခြင်းဖြစ်ကြောင်း တပ်မတော်မှ အောက်တိုဘာ ၂၃ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ဖမ်းဆီးရမိချိန်မှာ ကိုပါကြီးဟာ DKBA ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်မှဟုလည်းကောင်း၊ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးဟုလည်းကောင်း ဝန်ခံခဲ့ပြီး သတင်းထောက်ဟု လုံးဝမပြော ဆိုခဲ့ကြောင်းနှင့် သတင်းထောက်အသုံးအဆောင် ပစ္စည်းတွေကိုလည်း သူ့နဲ့အတူ မတွေ့ရကြောင်း တပ်မတော်က အောက်တိုဘာ ၃၁ရက်မှာ ဒုတိယအကြိမ် သတင်းထုတ်ပြန်ခဲ့ ပါတယ်။

ကိုပါကြီးသေဆုံးမှုအပေါ် အမှုမှန်ဖော်ထုတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ဟင်္သာတ စတဲ့နေရာတွေမှာ သတင်းသမားတွေ တောင်းဆိုခဲ့ကြပါတယ်။

ဒီကေဘီအေတပ်ဖွဲ့ကတော့ ကိုပါကြီးဟာ သူတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ထုတ်ပြန်ထားပါ တယ်။

ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး သေချာစွာစုံစမ်းစစ်ဆေးပေးဖို့ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတွေက မြန်မာအစိုးရဆီကို တောင်းဆိုထားပါတယ်။
ကိုပါကြီး သေဆုံးတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတစောင် အမြန်တင်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို သမ္မတရုံးက အောက်တိုဘာလ ၃၁ ရက်နေ့က ညွှန်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013