DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် တပ်မတော်သားအုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် လူငယ် ၃ ဦးဒဏ်ရာရ
DVB
·
November 4, 2014
ဆီဆိုင်တွင် တပ်မတော်သားအုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် လူငယ် ၃ ဦးဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့မှာ အောက်တိုဘာ ၃၁ရက်နေက ည ၁၀ နာရီခန့်မှာ မြို့မဈေးအနီးက တောင်ကြီး-ဟိုပုံး-ဆီဆိုင် လမ်းမပေါ်မှာ ခမရ ၄၂၄ စစ်တပ်က အရာရှိတွေနဲ့ ရဲဘော်တွေက အုပ်စုလိုက် ၀ိုင်းရိုက်တဲ့အတွက် လူငယ် ၃ ဦး ဆေးရုံမှာ ဆေးကုသခံနေရ ပါတယ်။

[caption id="attachment_69813" align="alignright" width="355"]ဓာတ်ပုံ - ဆီဆိုင် ဓာတ်ပုံ - ဆီဆိုင်[/caption]

လမ်းပေါ်မှာ အရာရှိတွေက လာသမျှဆိုင်ကယ်တွေကို တားဆီးပြီး စစ်ဆေးမေးမြန်းခဲ့ရာမှာ ရိုက်နှက်ခံရသူ တဦးဖြစ်တဲ့ စိုင်းနေမင်းက မချေမငံဆက်ဆံတယ်လို့ စွပ်စွဲရာကနေ စတင်ထိုး နှက်ရိုက်နှက်ခံရတာလို့ ခေါင်းမှာ ရှစ်ချက်ချုပ်ခဲ့ရတဲ့ ကိုကျော်စွာဝင်းက ပြောပါတယ်။

ပတ်ဝန်းကျင်က အော်သံကြောင့် ညီဖြစ်သူ စိုင်းနေမင်း ရိုက်နှက်ခံရတာကို ကြားတဲ့အတွက် အခင်းဖြစ်ရာနေရာကို သွားရောက်ခဲ့ရာမှာ ရိုက်နှက်တဲ့ စစ်သားတွေ ထွက်ပြေးသွားခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

“ဖြစ်သွားတဲ့ ပြဿနာနဲ့ ၁၀ မိနစ်လောက်အကြာမှာပဲ ကားဝင်လာပြီးတော့မှ ကားပေါ်က စစ်သားတွေက မင်းတို့ကောင်တွေလား ငါတို့ ဗိုလ်မှူးကို ထိုးကြိတ်တာ ရိုက်ကွာရိုက်ကွာဆိုပြီး ရိုက်တော့တာ”လို့ ကိုကျော်စွာဝင်းက ပြောပါတယ်။

ဗိုလ်အဆင့်ရှိ အရာရှိတဦး၊ အရာခံဗိုလ်တွေက ရိုက်နှက်ခဲ့တာဖြစ်ပြီး ရိုက်နှက် ခံရသူတွေ ကတော့ ကိုကျော်စွာဝင်း၊ စိုင်းနေမင်းနဲ့ ကိုတင်ထွေးတို့ ဖြစ်ကြပါတယ်။

ရိုက်နှက်မှုကြောင့် ကိုကျော်စွာဝင်းက ဦးခေါင်းပေါက်ပြဲလို့ ၈ ချက်ချုပ်ရပြီး စိုင်းနေမင်းကတော့ ၅ ချက်ချုပ်ရသလို ကိုတင်ထွေးကတော့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ရဲစခန်းမှာ အမှုဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် နယ်မြေခံတပ်ရင်းမှူးအပါအ၀င် တခြား အရာရှိတွေက ရိုက်နှက်ခံရသူတွေရဲ့ မိဘတွေထံမှာ လာရောက်တောင်းပန်ခဲ့တဲ့အတွက် အမှုမဖွင့်ဖြစ်ဘူးလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မဖြစ်မီ ည ၈ နာရီဝန်းကျင်မှာစစ်သားတွေနဲ့ အရပ်သားတချို့ အရက်ဆိုင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းနဲ့ ဒီနောက် စစ်သားတွေရောက်လာပြီး တွေ့သူ ရန်ရှာထိုးကြိတ်ရင်း မသက်ဆိုင်သူတွေ ဒဏ်ရာရကုန်ကြတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီသတင်းအတွက် ဆီဆိုင်မြို့နယ် ရဲစခန်းကို ဆက်သွယ်ရာမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ အတွက် တာဝန်ရှိသူမရှိဘူးလို့ပဲ ပြောဆိုခဲ့ပါ တယ်။

ဆီဆိုင် ဆေးရုံနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ထပ်မံဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013