အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း လုံခြုံရေး တင်းကျပ်မည်
Published By
DVB | 4 November, 2014
899
0
Share
0
Comment
0
Likes

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပြည်သူတွေအနေနဲ့ နိုင်ငံသား စိစစ်ရေး လက်မှတ် ဒါမှမဟုတ် ခိုင်လုံတဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ခရီးသွားလာဖို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းတဲ့အပေါ်မှာ ကြည်ဖြူစွာ ခံယူပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသိပေး ဖော်ပြထားပါတယ်။
အာစီယံထိပ်သီး အစည်းအဝေးကာလအတွင်းမှာ လုံခြုံရေးတာဝန်တွေကို တိုးမြှင့်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။