Home
မြန်မာသတင်း
ထိပ်သီးဆွေးနွေးပွဲအမြင် ထည့်သွင်းရန် သမ္မတမိန့်ခွန်း ထုတ်လွှင့်မှု နောက်ကျ
DVB
·
November 3, 2014
သမ္မတရဲ့ မိန့်ခွန်းကို နိုဝင်ဘာ ၅ ရက်နေ့မှ ထုတ်လွှင့် သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပြီး မကြာသေးခင်က တွေ့ဆုံခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးက အမြင်တွေကို ထည့်သွင်း ပြောကြားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ [caption id="attachment_29680" align="alignright" width="353"]ဦးရဲထွဋ် ဦးရဲထွဋ်[/caption] အောက်တိုဘာ ၃၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ လဆန်းပိုင်းရောက်တိုင်း သမ္မတရဲ့ မိန့်ခွန်းကို ထုတ်လွင့်ပေးနေကျဖြစ်ပေမယ့် အခု နိုဝင်ဘာ လမှာတော့ သတ်မှတ်ရက်အမီ မထုတ်လွင့်နိုင်ဘဲ နောက်ကျနေတာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “၅ ရက်နေ့မှာ လွှင့်ဖို့ အစီအစဉ်လုပ်ထားပါတယ်။ ဘာဖြစ်လို့ ကျနော်တို့ မလွှင့်ဖြစ်လဲဆိုတော့ နောက်ဆုံးဖြစ်ပေါ်တိုးတက်ခဲ့တဲ့ အခြေအနေကို ထည့်ချင်လို့ သမ္မတကြီးက စောင့်နေတာ၊ ၃၁ ရက်နေ့ အစည်းအဝေးက သူ့အမြင်ကို ပြန်စောင့်ပြီးတော့ ပြောချင်တဲ့အတွက် ကျနော်တို့က ထားထားတာ၊ ၅ ရက်နေ့မှာ လွှင့်ပါမယ်။ အသံသွင်းဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေ မေးမြန်းချက်ကို ဖြေဆိုရာမှာ တဦးကို ၁၀ မိနစ်စီ ပြောခွင့်ရခဲ့ပုံနဲ့ ထိပ်သီးဆွေးနွေးပွဲကို လေးပွင့်ဆိုင်ပုံစံလိုမျိုး သတ်မှတ်လို့ မရကြောင်းနဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဆက်လက်ဆုပ်ကိုင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က အောက်တိုဘာလဆန်း ၁ ရက်နေ့မိန့်ခွန်းမှာတော့ တပြည်လုံး အပစ်ရပ် လက်မှတ်ထိုးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲစနိုင်မှာဖြစ်သလို နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှ ကြား ကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို ရေရာသေချာစေမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024