DVB Logo
Home
မြန်မာသတင်း
တပြည်လုံး အပစ်ခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးနိုင်ရေး အလွတ်သဘောတွေ့ဆုံဆွေးနွေး
DVB
·
November 3, 2014
တပြည်လုံး အပစ်ခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးနိုင်ရေး အလွတ်သဘောတွေ့ဆုံဆွေးနွေး
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ) အဖွဲ့ဝင်တွေနဲ့ မြန်မာငြိမ်းချမ်း ရေးစင်တာက တာဝန်ရှိသူတွေ ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

[caption id="attachment_62513" align="alignright" width="363"]အစိုးရနှင့် အန်စီစီတီ ၆ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးပွဲ (စက်တင်ဘာလ ၂၂ ရက်နေ့) အစိုးရနှင့် အန်စီစီတီ ၆ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးစဉ် (စက်တင်ဘာလ ၂၂ ရက်)[/caption]

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်ရေးကိုယ်စားလှယ် တွေ နောက်တခါတွေ့ဆုံကြတဲ့အခါ ဘယ်လို အခြေခံမူတွေနဲ့ ဆွေးနွေးကြမလဲဆိုတာ ညှိနှိုင်းကြ တယ်လို့ အန်စီစီတီအဖွဲ့ဝင် ဦးခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

“ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် ဘယ်လို အခင်းအကျင်းမျိုး ထပ်လုပ်ရမလဲပေါ့။ နောက်ဆုံး အပတ် ဆွေးနွေးပွဲတုန်းက နည်းနည်းလေး အထစ်အငေါ့ ဖြစ်တယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲလေ။  အဲဒါလေးကို ဘယ်လိုကျော်လွှားမလဲဆိုတာ နည်းလမ်းရှာကြတဲ့သဘောပါ။”

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦးညိုအုန်းမြင့် တို့ ပါဝင်ပြီး အန်စီစီတီဖက်ကတော့ ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒုတိယခေါင်းဆောင်တို့ ခရီးလွန်နေ တဲ့အတွက် ကျန်တဲ့အဖွဲ့ဝင်တချို့နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ နိုင်ဟံသာဦးဆောင်တဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေး အဖွဲ့(အန်စီစီတီ) တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် စက်တင်ဘာ ၂၂ ကနေ  ၂၆ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စ၊ Road Map ကိစ္စ၊ ကြားကာလနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အဖွဲ့ဘယ်နှဖွဲ့ တက်မလဲ စတဲ့ ကိစ္စတွေမှာ သဘောမတူမှုဖြစ်ပြီး သောင်မတင် ရေမကျဖြစ်ခဲ့ရပါတယ်။

သမ္မတဦးသိန်းစိန်က အောက်တိုဘာလဆန်း ၁ ရက်နေ့မိန့်ခွန်းမှာ  ‘တပြည်လုံး အပစ်ရပ် လက်မှတ်ထိုးနိုင်မှာ နိုင်ငံရေးဆွေးနွေးပွဲစနိုင်မယ်။  နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှ  ကြား ကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို ရေရာသေချာစေမှာ ဖြစ်တယ်’ လို့  ပြောဆိုခဲ့ သလို နိုင်ငံရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို သမ္မတအိမ်တော်မှာ တွေ့ဆုံစဉ်မှာလည်း အလားထူ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013