DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမှာ ရုရှားစစ်ဘက်အရာရှိများနှင့် ဆွေးနွေး
DVB
·
November 3, 2014
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမှာ ရုရှားစစ်ဘက်အရာရှိများနှင့် ဆွေးနွေး
Donate to DVB

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံ ကိုအသွား မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။

1479528_315781675271617_2451836898533212558_nဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်က ထွက်ခွာသွားပြီး ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ အလက်ဇန္ဒား ဖိုမင်နဲ့တွေ့ဆုံကာ ၂ နိုင်ငံ တပ်မတော် ၂ ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတတ် လုပ်ဆောင်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ တယ်လို့ ဖော်ပြထားတာပါ။

နိုင်ငံပိုင် မီဒီယာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး နှစ်နိုင်ငံတပ်မတော် ၂ ရပ်အကြား အကျိုးတူ ကိစ္စရပ် တွေ ဆွေးနွေးတာ၊ ယဉ်ကျေးမှုဆိုင်ရာများကို လေ့လာတာတွေ လုပ်သွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာတပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကတဆင့် ဘယ်လာရုစ် နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်ကာ သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ်ကြေညာခဲ့တာဖြစ်ပြီး မြန်မာနဲ့ ၁၉၉၉ ခုနှစ်မှာ သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ်နိုင်ငံတို့ဟာ မီဒီယာဖိနှိပ်မှုအပါအ၀င် ကမ္ဘာမှာ လွတ်လပ်မှု မရှိဆုံး နိုင်ငံတွေအဖြစ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ပူးတွဲသတ်မှတ် ဖော်ပြခံရလေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013