တောင်ကိုရီးယားသမ္မတ မြန်မာပြည်သွားမည်
DVB
·
November 3, 2014

[caption id="attachment_69711" align="alignright" width="361"]
တောင်ကိုရီးယား သမ္မတ မစ္စပတ်ဂွန်ဟီး (ဓာတ်ပုံ - ရိုက်တာ)[/caption]
တောင်ကိုရီးယား သမ္မတ မစ္စပတ်ဂွန်ဟီးဟာ လာမည့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးအတွင်းဝန်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ကိုရီယား ယွန်ဟပ်သတင်းမှာဖော်ပြပါတယ်။
တောင်ကိုရီးယားသမ္မတဟာ တရုတ်နိုင်ငံဘေကျင်းမြို့ကနေတဆင့် နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး အာဆီယံနဲ့ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်တို့ဆွေးနွေးကြမယ့် အာဆီယံ+ ၃ အရှေ့အာရှဒေသထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်မှာလို့ သတင်းစာရှင်း လင်းပွဲမှာပြောပါတယ်။
ဒီအစည်းအဝေးမှာမြောက်ကိုရီးယား နယူးကလီးယား လက်နက်အစီအစဉ် စွန့်လွှတ်ရေး ပူးပေါင်းကြိုးပမ်းဖို့နဲ့ ကိုရီးယားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်ကိုထောက်ခံမှုရဖို့ တောင်းဆိုဖို့အစီစဉ်ရှိတယ်လို့လည်းဆိုပါတယ်။
မစ္စ ပတ်ဂွန်ဟီးဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာနေထိုင်ပြီးရင်တော့ သြစတေးလျနိုင်ငံကို ဆက်လက် ထွက်ခွာဖို့ရှိနေပါတယ်။
