DVB Logo
Home
မြန်မာသတင်း
ကျောင်းသားထု အရေးပေါ်အစည်းအဝေး ကျင်းပခွင့်မရ
DVB
·
November 3, 2014
ကျောင်းသားထု အရေးပေါ်အစည်းအဝေး ကျင်းပခွင့်မရ
Donate to DVB

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးကြမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသား ထု အရေးပေါ် အစည်းအဝေးကျင်းပမယ့် နေရာကို အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ အစည်းအဝေး စီစဉ်တဲ့ ကျောင်းသားတွေက ပြောပါတယ်။

ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ရန်ကုန် မရမ်းကုန်းမြို့နယ် ခ၀ဲခြံ မျက်မမြင်ကျောင်းမှာ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

[caption id="attachment_69691" align="alignright" width="411"]ဓာတ်ပုံ - နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ ။ ဓာတ်ပုံ - နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ ။[/caption]

နေပြည်တော်မှာ အာဆီယံထိပ်သီးအစည်းအဝေးရှိနေတာကို အကြာင်းပြပြီး မြို့နယ် ရဲတပ်ဖွဲ့ အာဏာပိုင်တွေက ခွင့်မပြုနိုင်ကြောင်းအကြားကြားခဲ့တာလို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုရဲရင့်ကျော်က ပြောပါတယ်။

“ကျင်းပရေးနေရာကို ကျနော်တို့စီစဉ်ထားပေမယ့် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်း ကနေပြီးတော့ လာရောက်ပြီးတော့ ကျင်းပခွင့် မပြုနိုင်တဲ့အကြောင်း ဖိအားပေးထားတယ်။ အဲဒီအတွက် နေရာပြောင်းရွှေ့ဖို့ စီစဉ်ဆောင်ရွက်နေမှုတွေ ရှိတယ်။ အာဏာပိုင်တွေက ဒီမှာ ကျင်းပခွင့် မပြုနိုင်ဘူးပေါ့နော်။ တကယ်လို့ ကျင်းပချင်တယ်ဆိုရင် ခွင့်ပြုချက်တင်ရမယ်။ တင်တယ်ဆိုရင်တောင် ၁၂ရက်နဲ့ ၁၃ ရက်မပေးနိုင်ဘူးပေါ့နော်။ လကုန်မှ ရမယ်ဆိုပြီး စကားကို တခါတည်း ပိတ်ပြီးပြောသွားတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံအစည်းအဝေး ရှိနေတဲ့အတွက် ဒီရက်ကိုမပေးနိုင်တာလို့ပြောတယ်။”

အာဏာပိုင်တွေက ဒီအစည်းအဝေးကို ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ နေရာရှာပြီး ဆက်လက်ကျင်းပသွားမယ့်အကြောင်းနဲ့ ကျင်းပမယ့်နေရာသစ်ကို နိုဝင်ဘာလ ၉ရက်နေ့ ထုတ်ပြန်သွားမယ်လို့လည်းကျောင်းသားတွေက ပြောပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံတ၀န်း ပြည်နယ်တိုင်း ခရိုင်အသီးသီးက ကျောင်းသားအဖွဲ့ အစည်းဝင်တွေနဲ့ စိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူတွေ ရာနဲ့ချီ တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013