ပြင်သစ်နျူးကလီးယားဓာတ်ပေါင်းဖိုပေါ် ပျံသန်းခဲ့သည့် Drone လေယာဉ်များကို စုံစမ်းမှုပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
ပြင်သစ်နျူးကလီးယားဓာတ်ပေါင်းဖိုတွေပေါ် ဖြတ်ပျံသန်းခဲ့တဲ့ Drone လေယာဉ်တွေကို ပြင်သစ်အာဏာပိုင်တွေ လိုက်လံစုံစမ်းမှုတွေ လုပ်နေကြပါတယ်။ [caption id="attachment_69684" align="alignright" width="326"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ဒီ Drone လေယာဉ်ငယ်တွေ ဘယ်က လာတယ်။ ဘယ်သူက ထိန်းချုပ်တယ်ဆိုတာကို ပြင်သစ်အာဏာပိုင်တွေက မသိကြပါဘူး။ နျူးကလီယားစက်ရုံတွေနဲ့ ၅ ကီလိုမီတာအတွင်းနဲ့ အမြင့်မီတာ  ၁ သောင်းအတွင်း ဘာမှ ဖြတ်ပျံသန်းခွင့် မရှိပါဘူး။ ဒါပေမယ့် ပြင်သစ်နိုင်ငံတ၀န်းက နျူးကလီးယားစွမ်းအင်ဓာတ်ပေါင်းဖိုတွေပေါ် ပြီးခဲ့တဲ့လအတွင်း လေယာဉ်ငယ်တွေ ညပိုင်းဖြတ်ပျံသန်းမှုရှိခဲ့ပါတယ်။ အခုချိန်အထိတော့ ဘယ်သူကမှ တာဝန်ခံတာလည်း မရှိသေးပါဘူး။ အခုလို ဓာတ်ပေါင်းဖိုတွေပေါ် ဖြတ်ပျံသန်းမှုတွေဟာ စိုးရိမ်ထိတ်လန့်စရာဖြစ်တယ်လို့ နျူးကလီးယား ဓာတ်ပေါင်းဖို လုံခြုံရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီလေယာဉ်ငယ်တွေဟာ သေးငယ်ပေမယ့် ဖောက်ခွဲအားပြင်းထန်တဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်တာကြောင့် လျော့တွက်လို့တော့ မရဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ နျူးကလီးယားဓါတ်ပေါင်းဖို ၅၈ လုံးရှိပြီး ကမ္ဘာပေါ်မှာ နျူးကလီးယားစွမ်းအင် သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ပြင်သစ်အစိုးရကတော့ ဒီဓာတ်ပေါင်းဖိုတွေဟာ ငလျင်ဒဏ်ခံနိုင်သလို လေယာဉ်ဝင်တိုက်တဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိတယ်လို့တော့ ဆိုပါတယ်။ အရင်က ဒီနျူးကလီးယားဓာတ်ပေါင်းဖိုတွေကို ဆန္ဒပြလေ့ရှိခဲ့တဲ့ Greenpeace အဖွဲ့ကြီးတော့ကတော့ သူတို့ လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ နိုင်ငံတ၀န်းက ဓာတ်ပေါင်းဖိုတွေပေါ် တချိန်ထဲ ပျံသန်းမှုတွေဖြစ်လို့ လူတဦးထဲက လုပ်တာမဖြစ်နိုင်ပဲ၊ အဖွဲ့အစည်းနဲ့ လုပ်တာဖြစ်နိုင်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက သုံးသပ်ကြပါတယ်။ ဘယ်သူပဲလုပ်လုပ်၊ လုပ်တဲ့လူကို ဖော်ထုတ်တွေ့ရှိရင်တော့ အမေရိကန် ဒေါ်လာ ၉၃၀၀၀ ဒဏ်တပ်ခံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up