မန်ချက်စတာ ဒါဘီပွဲစဉ် မန်စီးတီး အနိုင်ရ

နိုဝင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ မန်စီးတီးက တယောက်လျော့ မန်ယူကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ Manchester-City-v-Manchester-United-Premier-Leagueမြို့ခံ ပြိုင်ဖက်အသင်းတွေ ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်ထန်းခဲ့ပြီး ပထမပိုင်း မပြီးခင်မှာ နောက်တန်းသမား စမောလင်း နှစ်ဝါတနီနဲ့ အထုတ်ခံရလိုက်ရတာပါ။ ပွဲအစပိုင်းမှာ မန်ယူအသင်း အပြန်အလှန် ထိုးဖောက် ကစားနိုင်ပေမယ့် တယောက်အထုတ် ခံရပြီး နောက်ပိုင်းမှာ အိမ်ရှင် မန်စီးတီးက တောက်လျှောက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ စီးတီး ကစားသမားတွေရဲ့ အပိုင်ထိုးဖောက် ကန်သွင်းချက်တွေကို မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်လို့ ဂိုးပြတ်နဲ့ အရှုံးမပေးရတာ ဖြစ်ပါတယ်။ စီးတီးအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး အက်ဂွါရိုက ၆၃ မိနစ်မှာ သွင်းယူပါတယ်။ နောက်ပိုင်း မိနစ်တွေမှာ မန်ယူက တိုက်စစ်မှူး ရွန်နီနဲ့ ဖယ်လိုင်နီတို့ အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ စီးတီးအတွက်တော့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ပထမဆုံး နိုင်ပွဲ ပြန်ရတာပါ။ ဒီပွဲနိုင်လို့ စီးတီးက အမှတ် ၂၀ နဲ့ အဆင့် ၃ မှာ ရှိနေပြီး မန်ယူက ၁၃ မှတ်နဲ့ အဆင့် ၉ ကို လျော့ကျသွားပါတယ်။

More News
Up