DVB Logo
Home
မြန်မာသတင်း
လူငယ် ၁ ဦးကို ကိုယ်လုံးတီးချွတ် စစ်ဆေးမှု အရေးယူမည်
DVB
·
November 2, 2014
လူငယ် ၁ ဦးကို ကိုယ်လုံးတီးချွတ် စစ်ဆေးမှု အရေးယူမည်
Donate to DVB

လူငယ် ၁ ဦးကို အ၀တ်အစားတွေ ချွတ်ပြီး ရဲတပ်ဖွဲ့နဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးမှုနဲ့ ပတ်သက်လို့ စစ်ဆေးရေးခုံရုံးဖွဲ့စည်းဆောင်ရွက်နေပြီး ဥပဒေအရ အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Facebook လူမှုကွန်ယက်စာမျက်နှာတွေမှာ  ရွှေပြည်သာမြို့က လူငယ်တဦးကို “လူ့ကျင့်ဝတ်နဲ့မညီတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့စစ်ဆေးမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့အပေါ် အခုလို သတင်းထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

“လူ့ကျင့်ဝတ်နဲ့မညီတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့စစ်ဆေးမှု” ဟူသော ခေါင်းစဉ်နဲ့  ဇီးကုန်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့မှာ လူငယ်ချင်းရန်ဖြစ်တဲ့ အမှုကို လူ့ကျင့်ဝတ်နဲ့မလျှော်ညီဘဲ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး နယ်ထိန်း အောင်မြင့်စိုး၊ ရာအိမ်မှူး သန်းထိုက်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌေးမြင့်တို့က လူငယ်တဦးကို အ၀တ်အစားတွေ အတင်းချွတ်ခိုင်းပြီး စစ်ဆေးနေကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။

ဒီလူငယ်ဟာ ရန်ပွဲထဲတွင်လည်း မပါဝင်ဘဲ အခုလို လုပ်ရပ်မျိုး လုပ်ဆောင်နေသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ တောင်းဆိုကြောင်း ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ဖော်ပြထားတာပါ။

ဒီဖြစ်စဉ်မှာ ရဲတပ်ကြပ်ကြီး အောင်မြင့်စိုးရဲ့ ပါဝင်ပတ်သက်မှုကို စုံစမ်း စစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013