Home
မြန်မာသတင်း
မိုးစပါးတင်း ၁၀၀ ကျပ် ၃ သိန်းခွဲဖြင့် ၀ယ်ရန် တောင်သူအသင်း ဆောင်ရွက်
DVB
·
November 2, 2014
မကြာမီထွက်လာတော့မယ့် မိုးစပါးဈေး ထုတ်လုပ်မှုကုန်ကျစရိတ်အောက် မကျဖို့အတွက် စပါးတင်း ၁၀၀ ကို ကျပ် ၃ သိန်းခွဲနှုန်းနဲ့ ၀ယ်ယူဖို့ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းက တာဝန်ယူ လုပ်ဆောင်နေပါတယ်။ A boy sits near paddy field while his parents  plant rice seedlings in a paddy field on the outskirts of Yangonတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စိုက်ပျိုးထားရှိတဲ့ မိုးစပါးစိုက်ဧက ၁၆ သန်းနီးပါးက လာမယ့် ဒီဇင်ဘာလဆန်းထဲ တပြိုင်နက်ထွက်ရှိလာမှာဖြစ်လို့ စပါးစိုက်တောင်သူတွေက စပါးဈေး ကျဆင်း လာမယ့်အရေးကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ တကယ်လို့ စပါးဈေးက ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်ရောက်ခဲ့မယ်ဆိုရင် တောင်သူ တွေရဲ့ လူမှုစီးပွားရေးကို ထိခိုက်နိုင်တာကြောင့် ဧည့်မထမိုးစပါးတင်း ၁၀၀ ကို ကျပ် သုံးသိန်းခွဲနှုန်းနဲ့ နိုင်ငံတော် အရန်ဆန်ထားရှိရေးအတွက် ၀ယ်ယူဖို့ တာဝန်ယူလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ ဒီ့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAPCO) တို့က စပါးထွက်ရှိရာဒေသတွေမှာ နယ်ကိုယ်စားလှယ်တွေ ထားရှိပြီးတော့ ထွက်ရှိလာမယ့် မိုးစပါးတွေကို ကျပ်ဘီလီယံနဲ့ချီပြီး ၀ယ်ယူသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တကယ်လို့ တောင်သူတွေအနေနဲ့ ဧည့်မထမိုးစပါး တင်း ၁၀၀ ကို ကျပ်သုံးသိန်းခွဲနှုန်းနဲ့ ဈေးမရခဲ့ရင်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အပါအ၀င် MAPCO နဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားတို့ထံ ဆက်သွယ်တင်ပြနိုင်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။ ဒါပေမယ့် မိုးစပါးက စိုထိုင်းဆ ၁၈ ရာခိုင်နှုန်းထက်မကျော်ဖို့အတွက် အချိန်မီ စနစ်တကျ ရိတ်သိမ်းကြဖို့နဲ့ ချိန်ခါမဟုတ် ရွာသွန်းနိုင်တဲ့မိုးကြောင့် အမိုးအကာအောက် ထားရှိကြဖို့ တောင်သူတွေအနေနဲ့ သတိထားလုပ်ဆောင်ကြမှသာ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရရှိမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024