DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စက်မှုဇုန်က အလုပ်မလုပ်သည့် မြေကွက်များ ပြန်သိမ်းမည်
DVB
·
November 2, 2014
ရန်ကုန်စက်မှုဇုန်က အလုပ်မလုပ်သည့် မြေကွက်များ ပြန်သိမ်းမည်
Donate to DVB

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်အသီးသီးက မြေဧက ၄၀၀၀ ကျော်မှာ မြေကွက်ယူထားပြီး အလုပ်မစရင် ပြန်သိမ်းမယ်လို့ တိုင်းစက်မှုဇုန်များစီမံခန့်ခွဲရေးကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_45791" align="aligncenter" width="400"]လှိုင်သာယာ စက်မှုဇုန် လှိုင်သာယာ စက်မှုဇုန်[/caption]

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ခုက စက်မှုမြေကွက်လွတ်ပေါင်း ၂၀၀၀ ကျော်နဲ့ အလုပ်မလုပ်တဲ့ ဂိုဒေါင်ပေါင်း ၁၂၀၀ ကျော် စုစုပေါင်း မြေဧက ၄၀၀၀ ကျော်မှာ ဒီဇင်ဘာ ၁ ရက်ကစပြီး ဘာလုပ်မယ်ဆိုတာ တင်ပြရမယ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ လုပ်ငန်းစရမယ်၊ မလုပ်နိုင်ရင် မြေပြန်သိမ်းမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရင် စစ်အစိုးရလက်ထက် စက်မှုဇုန်တွေ စတင်တည်ထောင်ခဲ့ကတည်းက မြေကွက်တွေယူထားတဲ့ ပိုင်ရှင်တချို့ဟာ  ဘာအလုပ်မှ    မလုပ်ဘဲ မြေကွက်တွေကို အရောင်းအ၀ယ်လုပ်နေတာကြောင့် စက်မှုဇုန်မြေဈေးတွေ မြင့်တက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ ကိုယ်စားလှယ်တယောက်က မေးမြန်းခဲ့ဖူးပြီး တာဝန်ရှိတဲ့ ဒုဝန်ကြီးတယောက်က အလုပ်မလုပ်တဲ့ စက်မှုဇုန်မြေကွက်တွေ ပြန်သိမ်းဖို့ လုပ်နေပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ရန်ကုန်စက်မှုဇုန်လုပ်ငန်းရှင်တယောက်ကတော့ ဒီလို ကြေညာခဲ့တာ ၃ ကြိမ်ထက်မနည်း ရှိသွားပြီဖြစ်ပြီး တခါမှ ပြန်သိမ်းတာ မတွေ့ရဘူးလို့ ပြောပါတယ်။

“အလုပ်မလုပ်တဲ့ စက်မှုဇုန်မြေကွက်တွေ ပြန်သိမ်းမယ်လို့ အခုလို ကြေညာတာ ၃ ကြိမ်လောက်ရှိပြီ။ တကယ်တမ်းတော့ ဖြစ်မလာခဲ့ဘူးဗျ။ ဘယ်လိုကြောင့်လဲဆိုတော့ နောက်ဆုံးကျရင် အသနားခံစာတွေ ဇုန်ကော်မတီကို ရောက်လာတယ်ဗျာ။ ကျနော့်မှာတော့ ပင်စင်သွားကတည်းက ဒီမြေကွက်ပဲ ရှိတော့တာပါဆိုတဲ့ အသနားခံစာတွေ၊ တကယ်လုပ်မယ့်သူတွေက ယူထားတဲ့ မြေကွက်တွေမဟုတ်ဘဲ ဆိုင်ရာပိုင်ရာတွေက ယူထားတဲ့ မြေကွက်တွေလေဗျာ။ တကယ်လုပ်မယ့်လူလက်ထဲ ရှိနေတာ မဟုတ်ဘူး၊ ၀ယ်ပြီး ဈေးကစားတဲ့ သူလက်ထဲနဲ့ ဆိုင်ရာပိုင်ရာလက်ထဲက မြေကွက်တွေချည်း ဖြစ်နေတာလေ၊ ပြန်သိမ်းမယ်ပြောလာပြီး နောက်ဆုံးကျ တခါမှ ဖြစ်မလာဘူးဗျ။ တကယ်တမ်း ဖြစ်သင့်တာက သက္ကရာဇ် ၂၀၀၀ လောက်ကတည်းကဗျ။”

လက်ရှိ ရန်ကုန်စက်မှုဇုန်မြေဈေး ၁ ဧက ကျပ်သိန်း ၃၀၀၀ ကနေ ၅၀၀၀ ကြား ပေါက်ဈေး ရှိနေပြီး အိမ်နီးချင်းထိုင်းမှာ အဆောက်အဦပါ ၁ ဧက ကျပ်သိန်း ၁၅၀၀ လောက်ပဲ ပေါက်ဈေးရှိတယ်လို့ သူက ပြောပါတယ်။

စက်မှုဇုန်မြေကွက်ယူထားပြီး ၃ လအတွင်း လုပ်ငန်းမစရင် သက်ဆိုင်ရာက မြေပြန်သိမ်းခွင့် ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013