ဟောင်ကောင်ရဲတပ်ဖွဲ့ နည်းလမ်းမကျဟု ဝေဖန်ခံနေရ

ဟောင်ကောင်မှာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲတွေပြုလုပ်နေကြတာ ၁ လကျော်ကြာနေပြီး ရဲအဖွဲ့ဟာ တည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက် အရေးယူဆောင်ရွက်တဲ့ နေရာမှာ နည်းလမ်းမကျဘူးလို့ ဝေဖန်ခံနေရပါတယ်။ 5775074-3x2-940x627ဒါပေမယ့် ရဲအဖွဲ့ကတော့ အခုလို ထိပ်တိုက်တွေ့မှုတွေ ဖြစ်အောင် လူတစုက တမင် ဖန်တီး လှုံ့ဆော်နေတယ်လို့ ပြောပါတယ်။ ဒါကို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဟောင်ကောင်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဟန်ချန်းတခ်က ဆိုပါတယ်။ တချို့ ဆန္ဒပြပွဲတွေမှာ ရဲအဖွဲ့ဟာ ရာထောင်ချီတဲ့ ဆန္ဒပြသမားတွေနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရတာမျိုးလည်း ရှိခဲ့တာပါ။ ဆန္ဒပြသမားတွေဟာ အကြမ်းမဖက်ပေမယ့် လျှပ်စစ်မီးတောက်တွေကို သုံးပြီး ရဲတွေ အမြင်အာရုံ ပျက်ပြားအောင် တမင်လုပ်တာမျိုးလည်း ရှိတယ်လို့ ဟောင်ကောင်ရဲအဖွဲ့ ညှိနှိုင်းရေးမှူး ချန်စန်ယွခ်က ပြောပါတယ်။ ရဲတွေရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ အွန်လိုင်းပေါ် ရောက်သွားရင် မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေလည်း ခြိမ်းခြောက်ခံတာမျိုး ရှိတယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။ ဆန္ဒပြသမား ထောင်ပေါင်းများစွာဟာ တရားရုံး ဆုံးဖြတ်ချက်ကို အာခံပြီး လမ်းတွေကို ဆက်ပိတ်ဆို့ထားပါတယ်။ ရဲတပ်ဖွဲ့ဟာလည်း လူထုဘေးကင်းလုံခြုံရေးအတွက် နေ့ရောညပါ တပ်လှန့်ထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up